ထိုင်းနိုင်ငံရှိ မြန်မာဆန္ဒပြအဖွဲ့ဝင်များ ပါဝင်တဲ့ “Bright Future” အဖွဲ့က ဧပြီလ ၃-၄ ရက်က BIMSTEC အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂရုံးရှေ့မှာ အနက်ရောင်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။
ဒီမနက်ပိုင်းမှာ အဆိုပါမြန်မာတချို့ ဆန္ဒပြဖို့ ရောက်ရှိလာချိန်မှာတော့ ထိုင်းအမျိုးသားရေးဝါဒီများရဲ့ တိုက်ဖိုက်ဖို့ ကြိုးစားလာတာတာကိုတွေ့ရတာကြောင့်၊ ထိုင်းရဲများက အဆိုပါဖြစ်ရပ်ကို တားဆီးခဲ့ပြီး မြန်မာအဖွဲ့ခေါင်းဆောင်ကို အကာအကွယ်နနဲ့ ထိုင်းရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရဲများက ခေါ်ဆောင်သွားတဲ့ အဆိုပါဆန္ဒပြမြန်မာအဖွဲ့ခေါင်းဆောင်ရဲ့ လက်ရှိအခြေနေနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းပဲ ဖြစ်ပါတယ်။
သတင်း/ဓတ်ပုံ- prachatai
0 Shares:
You May Also Like
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ္ဘာ့နိုင်ငံများ၏ လျစ်လျူရှုမှုများကြား မြန်မာစစ်တပ်၏ ဆေးရုံကိုဗုံးကျဲတိုက်ခိုက်ခဲ့မှုက ရွေးကောက်ပွဲဆိုင်ရာ မငြိမ်သက်မှုများကို ပိုမိုပြင်းထန်စေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိ

“စစ်တပ်ဟာ ရွေးကောက်ပွဲနေ့မတိုင်မီ နယ်မြေတွေသိမ်းပိုက်ဖို့ အသည်းအသန် ကြိုးပမ်းနေတာဖြစ်တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မိတ်ဖက်တွေကို သူတို့အင်အားပြသဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာလို့လည်း သူမက ထပ်ပြောပါသေးတယ်။ “ဆေးရုံကို ဗုံးကြဲတာဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို စစ်အုပ်စုက လုံးဝ လျစ်လျူရှုထားတာကို ပြသနေတာပဲ ဖြစ်တယ်" လို့လည်းဆိုပါတယ်။
Read More

ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ  ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယား နိုင်ငံရေးပါတီ ၆ ခု ပြင်းထန်စွာ ကန့်ကွက်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ကိုရီးယားနိုင်ငံ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၆ ခုနဲ့ အတိုက်အခံအမတ်တွေဟာ မကြာခင်ကျင်းပမယ့် မြန်မာအကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့လည်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။