မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဆိပ်ဖြူမြို့နယ်အတွင်း ယာယီထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အသိပညာတွေ မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က အရပ်သားတွေ အပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် အထိအခိုက် အဖိတ်အစင် နည်းပါးစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသအချိန်နဲ့ နယ်မြေအနေအထားပေါ် မူတည်ပြီး ပြည်သူလူထုအတွက် ဆောင်ရန်‌၊ ရှောင်ရန်တွေနဲ့ စည်းရုံးရေး လုပ်ဆောင်ချက်တွေပါ ပူးတွဲလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၊ ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရ…

ချင်းပြည်နယ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဘုတလင်တွင် ကာကွယ်ရေးတပ်ဖွဲ့၏ ဂိတ်စခန်းကို စစ်တပ် လေကြောင်းပစ်ခတ်ရာ အနီးနားရှိ ‌ဈေးသည်အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်မတာ ၃စီးနဲ့ လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

ခင်ဦးမြို့နယ် ပကဖ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်များထဲမှ MA1 သေနတ် (၅) လက်ကို တိုက်နယ် ပကဖများထံ ဂုဏ်ပြုပေးအပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲက MA1 သေနတ် (၅)လက်ကို တိုက်နယ် ပကဖ တွေဆီ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ဝါဒဖြန့် MRTV မှ ပြည်သူစိတ်ဝင်စားသည့် အစီအစဉ်ကောင်းများ ပြသဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။