မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်(မြို့ပေါ် မပါ) တွေမှာ ပြင်းထန်ငလျင်ကြောင့် ၄၄ ယောက် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ အယောက် ၂၀ အပါအဝင် ၁၀၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပြင်ဦးလွင်မြို့နယ်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြင်ဦးလွင်ခရိုင်အတွင်းရှိ ငလျင်ဒဏ်ခံရသော မြို့နယ် ၃ မြို့နယ်အနက် မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က အထိခိုက် အပျက်အစီး အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
စဉ့်ကူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ပြင်းထန်ဒဏ်ရာရပြည်သူ အယောက် ၂၀ အပါအဝင် အယောက် ၉၀ ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၃၆ ယောက် ရှိတယ်လို့ ပြင်ဦးလွင် ပကဖ က ဆိုပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်မှာလည်း မြို့ပေါ်က အရေအတွက် မပါဘဲ ဒဏ်ရာရသူ ၁၇ ယောက်နဲ့ သေဆုံးသူ ၈ ယောက် ရှိတယ်လို့ သိရပါတယ်။
စဉ့်ကူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ပြင်ဦးလွင်ခရိုင် ပကဖ နဲ့အတူ စဉ့်ကူးမြို့နယ် ပကဖ၊ ပအဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေ စုပေါင် ကူညီကယ်ဆယ်လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့သလို မတ္တရာမြို့နယ်မှာလည်း မတ္တရာ ပကဖ၊ ပအဖ နဲ့ အခြားတပ်ရင်း တပ်ဖွဲ့တွေက ကူညီကယ်ဆယ်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်ခရိုင် ပကဖ ကလည်း ငလျင်ဒဏ် ခံစားခဲ့ရတဲ့ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့အတွက် ကျပ်သိန်း (၅၀)စီ မတည်လှူဒါန်းမှုပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

၅ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF-Asho ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် (ဗျူဟာကုန်း) အနီးတဝိုက်ကနေ စစ်ကောင်စီတပ်သား ၂၃ ယောက် ၅ ရက်တာအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကောက်ရိတ်ပြန်လာတဲ့ အရပ်သား (၂၀၀) ကျော်ကို မတရားဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ အယောက် (၂၀၀) ကို ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးထားတယ်လို့ ရှေ့တန်းမြေပြင် သတင်းတွေအရ သိရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။