အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
NUG public affairs hotline က ပြည်တွင်း/ပြည်ပ၊ ရပ်ဝေး/ရပ်နီးမှာ ရောက်ရှိနေပြီး ငလျင်ဒဏ်ကြောင့် မိသားစုနဲ့ အဆက်သွယ်ပြတ်တောက် နေသူများအား အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများ အတွင်းဖြစ်ပါက စုံစမ်းချိတ်ဆက်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင်ငလျင်ဘေးကို လှူဒါန်းနိုင်ဖို့ စိတ်ချရတဲ့အဖွဲ့အစည်းများထံ လမ်းညွှန်ချိတ်ဆက်ပေးခြင်း တွေလုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် ကြုံတွေနေရတဲ့ အခက်ခဲများနဲ့ လိုအပ်ချက်များကိုလည်း
အချိန်နဲ့ တပြေးညီ ပြည်သူတွေဘက်က သတင်းပို့နိုင်တယ်လို့လည်း ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အကူညီများကို လမ်းညွှန်ချိတ်ဆက်ပေးမယ်လို့လည်း ဆိုပါတယ်။
NUG Public Affairs Hotline က t.me/nugpublicaffairsbot ဖြစ်ပါတယ်။
Hotline ပြင်ပဖြစ်ပါက ပြည်သူ့ရင်ခွင် Hotline ဖြစ်တဲ့ t.me/MyanmarPeople ကိုဆက်သွယ်နိုင်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
0 Shares:
You May Also Like
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်မြို့တော်ဟု လူသိများသည့် KK Park ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း စစ်အုပ်စုကြေညာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက သူ့ရဲ့ ဝါဒဖြန့်မီဒီယာမှာ သတင်းထုတ်လာပါတယ်။
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းတို့တွင် ငလျင်ကြောင့် သေဆုံးသူ ၄၄ယောက်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းက မြို့နယ် ၃ခုမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၄၄ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အဦး၊ ဘုရားကျောင်းကန်တွေ ပြိုကျပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရန်ကုန်မှာ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်”စာသားကို ကိုင်ဆောင်ပြီး လမ်းလယ်ခေါင်မှာ ဆန္ဒထုတ်ဖော်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ ၂ ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။