ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများ တိုက်ခတ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
လူပေါင်း ၃,၀၀၀ဝန်းကျင်သေဆုံးခဲ့ရပြီး တိုက်တာအဆောက်အဦးအမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြင်းထန်ငလျင််ကြောင့် ပြည်သူအများ ဒုက္ခရောက်နေချိန်မှာပဲ အခုလို ရာသီဥတုကပါ ထပ်ဒုက္ခပေးလာလို့ ငလျင်ဒဏ်သင့်ပြည်သူ‌တွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
ငလျင်ဒဏ်ကြောင့် ကွင်းပြင်နဲ့ လမ်းမတွေပေါ်မှာ ယာယီတဲနဲ့ ဖြစ်သလို နေထိုင်နေရသူတွေအတွက် အခုလို မိုးနဲ့လေပြင်းတိုက်တာကြောင့် ဒုက္ခကတပူပေါ်နှစ်ပူဆင့်ပါပဲလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တချို့ကပြောပါတယ်။
ဓာတ်ပုံ – BoBoWin/Thiha Htun Zaw
0 Shares:
You May Also Like
Read More

နောင်ချိုနှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ဦး သေပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နေတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေပြီး၊ (၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အရှိန်မြှင့်လာသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ အရှိန်မြှင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံ

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူး ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ အုပ်ချုပ်ရေးမှူးရဲ့သား အပါအဝင် ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်ပျူစောထီးဂိတ်ကို ဝင်ရောက်တိုက်ခိုက််််််မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ အပါအဝင် ပျူစောထီး ၃ ယောက် နေရာတင် သေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။