အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့(USGS) ရဲ့ ဧပြီလ ၄ ရက် ခန့်မှန်းချက်တွေအရ ဧပြီ ၁၁ ရက်အထိ ဖြစ်လာနိုင်ချေရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းပြတ်ရွေ့အနီးမှာ ဖြစ်ပေါ်တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ မြေလွှာ ရွေ့လျားမှုက အလျား ၄၆၀ ကီလိုမီတာနဲ့ အကျယ် ၁၅ ကီလိုမီတာခန့်ရှိခဲ့တယ်လို့ USGS က ခန့်မှန်းထားပါတယ်။
USGS ရဲ့ ခန့်မှန်းချက်တွေအရ အင်အား(ရစ်ချက်တာစကေး) ၃ နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၉၉% (အကြိမ် ၂၀ မှ ၂၂၀ ကြားထိဖြစ်နိုင်) ၊ အင်အား ၄ နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၉၉% ( ၂ ကြိမ်မှ ၂၂ ကြိမ်ထိ ဖြစ်နိုင်) ၊ အင်အား ၅ နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၅၄% ( ၀ မှ ၄ ကြိမ်အထိ ဖြစ်နိုင်) ရှိတယ်လို့ ဆိုပါတယ်။
အင်အား ၆ နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၈% ( ၀ မှ ၁ ကြိမ်အထိ ဖြစ်ပေါ်နိုင်) နဲ့ အင်အား ၇ နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၀.၇% -(၁% အလားအလာရှိတယ်လို့ USGS ရဲ့ ခန့်မှန်းချက်တွေက ဆိုပါတယ်။
ဒါဟာ ခန့်မှန်းသုံးသပ်ချက်ဖြစ်ပြီးတော့ ငလျင်ဖြစ်နိုင်ခြေရှိပေမယ့်လည်း အလားအလာ အလွန်နည်းပါးသလို စစ်ကိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အင်အား ၇.၇ နဲ့ အထက်ရှိ မြေငလျင်ကြီးကို ရှေ့ပြေးငလျင် (foreshock) အဖြစ် ဖြစ်နိုင်ခြေမှာ ၁/၇၀၀ (၀.၂%) ရှိတယ်လို့ USGS က ခန့်မှန်းထားပါတယ်။
0 Shares:
You May Also Like
Read More

ဖားကန့်မှာ အရပ်ဖက်တော်လှန်ရေးအင်အားစု ‌(၄) ဖွဲ့ စုပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးရန် ဆန္ဒပြ

ကချင််ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို အရပ်ဘက် တော်လှန်ရေးအင်အားစု (၄)ဖွဲ့ စုပေါင်းပြီး ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

ဝမ်းတွင်းတွင် ဆိုင်ကယ်စီးလာသည့် အရပ်သား ၂ ဦးကို အကြမ်းဖက်စစ်တပ် ၂ ရက်သာ ခြားပြီး ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ၂ ရက်ပဲ ခြားပြီး ပစ်သတ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆောင်နန်းခဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံး

ရှမ်းပြည်နယ်‌တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်တွေ သိမ်းပိုက်​ပြီးနောက် တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံးသွားတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းဖော်ပြထားပါတယ်။
Read More

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့ တနင်္သာရီ စစ်ဗျူဟာ အသိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။