မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဧပြီလ (၂)ရက်ကနေ (၂၂)ရက်အထိ အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဧပြီလ (၅)ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ (၃)ရက်မှာလည်း သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်မှာ ဂျက်ဖိုက်တာနဲ့ (၄)ကြိမ်အတွင်း ဗုံး (၈)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက် အင်အားတွေ ဖြည့်တင်းတာ၊ တိုက်ပွဲတွေအတွက် ထိုးစစ်ဆင်တာတွေအပြင် တိုက်ပွဲတွေ မဖြစ်ပွားခဲ့တဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရှော့တိုက်ဒုံး အများအပြားနှင့် ပစ်ခတ်တိုက်ခိုက် …ထိခိုက်ပျက်စီးမှု များပြားနိုင်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ချောက်မြို့နယ်မှာ ပေါ်တာဆွဲနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးထက်မနည်းသေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရဟု ဆို

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကိုးကန့်အမျိုးသားတို့၏ အိမ်ပြန်ခရီးအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း MDY-PDF သဝဏ်လွှာပေးပို့

ကိုးကန့်အမျိုးသားတို့ရဲ့ ပြီးမြောက်ခဲ့ပြီဖြစ်တဲ့ “အိမ်ပြန်ခရီး” အတွက် အထူးဝမ်းမြောက်ဂုဏ်ယူတယ်လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ (၃၆)နှစ်မြောက် “တပ်မတော်နေ့” အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

လက်နက်စွန့်ဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်အပြီး တောင်ကုတ်မြို့တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်

အာရက္ခတပ်တော် AA က တောင်ကုတ်က အမှတ်(၅) စစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ တောင်ကုတ်မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။