မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းက မြို့နယ် ၃ခုမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၄၄ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အဦး၊ ဘုရားကျောင်းကန်တွေ ပြိုကျပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ဒဏ်အပြီး စဥ့်ကူး၊ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ လူထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်၊ အဆောက်အဦး၊ ဘုရားကျောင်းကန်‌တွေ ထိခိုက်ပျက်စီးမှု များခဲ့တယ်လို့ သိရပါတယ်။
စ‌ဉ့်ကူးမြို့နယ်အတွင်း သေဆုံးသူ ၃၆ယောက်နဲ့ ထိခိုက် ဒဏ်ရာရသူ အယောက် ၉၀အထိရှိခဲ့ပြီး၊ ၂၀မှာ ဒဏ်ရာပြင်းထန်ကြောင်း၊ မတ္တရာမြို့နယ်မှာလည်း ဒဏ်ရာရသု ၁၇ယောက်နဲ့ သေဆုံးသူ ၈ယောက် (မတ္တရာမြို့ပေါ်မပါ) အထိရှိခဲ့ကြောင်းသိရပါတယ်။
” စဥ့်ကူးမှာ လူထိခိုက်အများဆုံးနေရာတွေကတော့ ရွှေလုပ်ကွက်ရှိတဲ့ နေရာတွေပါပဲ။ အင်း(ရွှေတူးတဲ့တွင်း) တွေပြိုကျလို့ ပိပြီးသေတာများပါတယ်။ ၇ယောက်ကိုပဲ အသက်ရှင်လျက် ကယ်နိုင်ခဲ့တယ်။ နောက်ပြီး အဆောက်အဦးထိခိုက်မှု များတာကတော့ မြေနုကျွန်းထဲပါ။ မတ္တရာကတော့ ဘုရားစေတီတွေနဲ့ အဆောက်ဦးတွေ တော်တော်များများ ပျက်စီးပါတယ်။ သပိတ်ကျင်းကတော့ အနည်းအကျဥ်းပဲခံရပါတယ်။ ဒီစာရင်းထဲ ကျနော်တို့မသိလိုက်ဘဲ ကျော်သွားမိတာတွေလည်း ရှိနိုင်ပါတယ်” လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ငလျင်ဒဏ်ခံခဲ့ရတဲ့နေရာတွေဆီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ကိုင်နေချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပါခံခဲ့ရတယ်လို့ သိရပါတယ်။
မတ်လ ၂ရက်နေ့ကနေ ၄ရက်နေ့အထိ ၃ရက်ဆက်တိုက်ဆိုသလို စဥ့်ကူးမြို့နယ်အတွင်းက နေရာ ၂ခုနဲ့ သပိတ်ကျင်းမြို့နယ်၊ ၇မိုင်ရွာတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်းမဲ့လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီကြောင့် အမျိုးသား၊ အမျိုးသမီး ၂ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ပြင်ဦးလွင်ခရိုင်ပကဖက ပြောပါတယ်။
” မင်းအောင်လှိုင်က စစ်တပ်တခုရဲ့ ‌ခေါင်းဆောင်တယောက်အနေနဲ့ စိတ်ဓာတ်အရည်အချင်း လုံးဝ မပြည့်မှီဘူး လို့ပြောရမယ်။ တိုင်းပြည်တခုရဲ့ စစ်တပ်ကို ဒီလိုလူတယောက်က ဦးဆောင်နေမှတော့ အဲ့စစ်တပ်ကို မြေလှန်ပစ်မှ ရတော့မယ်။ လေကြောင်းကနေမတိုက်ပဲ လက်နက်ကိုင်ထားတဲ့ လူအချင်းချင်း သတ္တိရှိရှိ သဘာဝကျကျ စစ်တိုက်ကြရအောင်လို့ပဲ ပြောချင်ပါတယ်” လို့ ပြင်ဦးလွင်ခရိုင် တော်လှန်ရေးရဲဘော်၁ယောက်က မောင်းသတင်းဌာနကိုပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေနဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေကို ပြင်ဦးလွင်ခရိုင် ပကဖ နဲ့အတူ စဉ့်ကူး၊ မတ္တရာမြို့နယ်တွေက ပကဖ၊ ပအဖ အပါဝင် တပ်ရင်းတပ်ဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ငလျင်ဒဏ်ခံစားရတဲ့ မြို့နယ် ၃ခုအတွက်လည်း ကျပ်သိန်း (၅၀)စီ မတည်လှူဒါန်းပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဥ့်ကူးမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုတွေနဲ့ ပကဖတပ်ဖွဲ့ဝင်တွေက ငလျင်ဒဏ်သင့်ပြည်သူတွေကို ထောက်ပံ့ပေးအပ်နေစဥ်
0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းမှ ရဲဘော် ချက်ပြား ကျဆုံး

အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းက ကျဆုံး ရဲဘော် ချက်ပြား (ခေါ်) ပြည့်ဖြိုးကျော်အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။
Read More

အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ထွက်လာသည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်ထဲက ပျူစောထီးရွာကိုလာသော စစ်ကြောင်းအား တော်လှန်ရေးတပ်များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

"အနောက်ဘုန်းကန်က ပျူရွာဆိုတော့ အဲ့ကနေ စစ်ကြောင်းထိုးဖို့ လာတာဗျ။ မနက် ၉နာရီလောက် သူတို့ရောက်တော့ ၉နာရီ ၄၅လောက်မှာ ရော့ကတ်တွေအတွဲလိုက် ၅လုံးပစ်ခတ်ခဲ့တယ်။ အထိခိုက်ကတော့ အတိကျမသိရသေးဘူး၊ စုံစမ်းဆဲပါ" လို့ Cobra One တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေဟောက် က မောင်းကိုပြောပါတယ်။
Read More

ရိဒ်ခေါ်ဒါရ်မြို့မှ CNDF တပ်များ ပြန်လည်ဆုတ်ခွာ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေ …

" မြေပြင်စစ်ရေးဖိအားကြောင့် CNO/CNDF က ပြန်လည်ဆုတ်ခွါသွားတာပါ။ အခုလက်ရှိမှာတော့ မူလ ဒေသခံပြည်သူတွေ လက်ထဲ ပြန်ရောက်ပါပြီ။ Rihkhuadar စစ်ရှောင်တွေ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာနေကြပြီ" လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို သရုပ်ပြခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်က သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များ

ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခု ရန်ကုန်မြို့လယ်ခေါင်မှာ ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force (YRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။