တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ- မောတောင် လမ်းပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ရင်း စစ်ကြောင်းထိုးနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကစလို့ တနင်္သာရီမြို့နယ်၊ တနင်္သာရီ- မောတောင် အာရှလမ်းမကြီးကို ပြန်ပြီး ​​​စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေ ထုံခါ၊ ချောင်းနှစ်ပေါက်နဲ့ သိန်ခွန်းရွာပတ်ဝန်းကျင်တွေမှာ ထိတွေ့တိုက်ပွဲတွေရှိနေခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီး ဧပြီလ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ အထက်ပါနေရာတွေကို ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်ကတည်းက အထက်ပါမောတောင်လမ်းပိုင်းကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ထိတွေ့မှုရှိနေတာကြောင့် သိန်ခွန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေတာ ဖြစ်ပါတယ်။
” အခုက သိန်ခွန်းဘက်ကို စစ်ကြောင်းပြန်ထိုးနေတယ်ပေါ့။ အရင်ကပြောခဲ့သလိုပဲ မောတောင်ဘက်ကို တက်နေတာပါ။ အခုလည်း ၂ ရက် ၃ ရက်ရှိပြီ။ ထပ်တိုးနေတယ်။ သူတို့ဘက်က အရင်စပစ်လို့ တိုက်ပွဲလည်း ဖြစ်နေတယ်။ မနေ့ကလည်း ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး လာကြဲသွားတဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်သွားတယ်လို့ သိရပါတယ်။ အထိအခိုက်ကတော့​ မသိရသေးပါဘူး” လို့ မြေပြင်​တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အထက်ပါ တနင်္သာရီ-မောတောင်လမ်းပိုင်းက သိန်ခွန်းကျေးရွာမှာ ဝင်ရောက်တပ်စွဲနေရင်းနဲ့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာဖြစ်သလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကလည်း ရွာထဲ ရိက္ခာပြန်ယူတဲ့ ချောင်းလမုရွာခံ အရပ်သား ၃ ယောက်ဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ ထုံခါ၊ ချောင်းလမု၊ ရေဖြူနဲ့ ကွမ်းသီးတော စတဲ့​ ကျေးရွာတွေက အရပ်သား ၄ ထောင်နီးပါးဟာ လက်ရှိအချိန်အထိ ရွာတွေထဲ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကတော့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီအပစ်ရပ်စဲကြောင်း တရားဝင်ပြောကြားထားပေမယ့်လည်း လက်တွေ့မှာတော့ တော်လှန်ရေးတပ်တွေဆီ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ – တိုက်ပွဲဖြစ်ပွားနေတဲ့ ဆင်းခွန်-မောတောင် လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်ကို ထိုင်းနိုင်ငံဖက်ခြမ်းက တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ရန်ကုန်မှာ YUPA မြို့ပြပြောက်ကျား တပ်ဖွဲ့က အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့ အရှေ့ပိုင်းဒဂုန်မှာ အခြေစိုက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ ထုတ်ပြန်ကြေငြာ

ရန်ကုန်မြို့ Yango Ug People Army မြို့ပြတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ရန်ကုန်အရှေ့ပိုင်း ဒဂုန်မြို့နယ်အတွင်း အခြေစိုက်ကာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အသိပေး ကြေငြာချက်ကို နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ YUPA မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိ​သူတွေဆီက သိရပါတယ်။
Read More

ဝါဒဖြန့်ရန် ခပ်မြန်မြန် ဓာတ်ပုံရိုက်ရင်း အကြမ်းဖက်စစ်သားများ ခပ်မြန်မြန်ပဲ သေဆုံးသွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ စစ်တိုက်တုန်းက မသေခဲ့တဲ့ အကြမ်းဖက်စစ်သားတွေ ဝါဒဖြန့်ဖို့ အုပ်စုလိုက် ဓာတ်ပုံရိုက်နေရင်း ရခိုင့်တပ်တော် AA ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အစုလိုက်အပြုံလိုက် သေသွားခဲ့ပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေ ဆက်တိုက် ရှင်းလင်းခံနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေကို ရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လုပ်ခဲ့တယ်လို့ Dragon Brothers (GBK-PDF) က ထုတ်ပြန်လာပါတယ်။
Read More

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့ တနင်္သာရီ စစ်ဗျူဟာ အသိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ပျူစောထီးခေါင်းဆောင်ကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဗောဓိကုန်းရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီးကို ဒီကနေ့နေ့လယ် ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။