မြန်မာနိုင်ငံ ငလျင်ဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် အထောက်အကူပြုနိုင်ဖို့ စင်ကာပူနိုင်ငံက တီထွင်ထုတ်လုပ်ထားတဲ့ စက်ရုပ်ပိုးဟတ် ၁၀ ကောင်ကို ပို့ဆောင်ထားပြီး စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒီစက်ရုပ်ပိုးဟတ်ကို စင်္ကာပူနိုင်ငံ Home Team Science and Technology Agency (HTX) ၊ နန်ယန်း နည်းပညာတက္ကသိုလ်နဲ့ Klass Engineering and Solutions တို့က ပူးပေါင်းတီထွင်ထားပြီး မတ်လ ၃၀ ရက်က မြန်မာနိုင်ငံသို့စတင်ပို့ဆောင်ခဲ့ကာ မတ်လ ၃၁ ရက်မှာ ငလျင်ဘေးသင့်နေရာမှာ ပထမဆုံးစတင်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်ကလည်း နေပြည်တော်မှာ ၂ ကြိမ် စမ်းသပ်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အသုံးပြုစဉ် အဆောက်အအုံတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ခြင်းမရှိခဲ့ ပေမယ့် သာမန်လူတွေ အလွယ်တကူဝင်ရောက်ဖို့ မလွယ်ကူတဲ့နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ဆောင်တာများအတွက် အထောက်အကူပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ကပစ ၂၂ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကနေ မြင်းခြံမြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပခုက္ကူခရိုင် ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force အဖွဲ့ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ တပေါင်းပျူစခန်းကနေ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဇန်နဝါရိ ၁၄ ရက်က တော်လှန်ရေးတပ်တွေ သတင်းကြိုတင်ရရှိပြီး စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစခန်းကို နိုဝင်ဘာ ၁၄ ရက် မနေ့က မနက်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း နောက်တန်းပြန်ရဲဘော်တွေ တပ်ရိက္ခာအဆင်ပြေစေဖို့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း (Budalin Mobile Team-BMT) က နောက်တန်းပြန်ရဲဘော်တွေဟာ တပ်ရိက္ခာအဆင်ပြေစေဖို့ စပါး၊ မြေပဲ၊ ငရုတ်၊ ခရမ်းစတဲ့ စိုက်ပျိုးရေးတွေအပြင် မွေးမြူရေးတွေလည်း ကိုယ်တိုင်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။