ငလျင်ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ မန္တလေး အိုးဘိုထောင်က အကျဥ်းသား၊သူတွေကို စစ်ကောင်စီက ဆေးကုသခွင့် ကန့်သတ်ထား​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်က ထောင်အဆောက်အဦးတွေ ပြိုကျပျက်စီးမှုမှာအမျိုးသား ၁ယောက်၊ အမျိုးသမီး ၂ယောက်နဲ့အတူ ကျား/မ အတည်မပြုနိုင်သေးသူ ၁ ယောက် အပါအဝင် စုစုပေါင်း ၄ ယောက်အထိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိထားသူ အယောက် ၄၀ အတွင်း ၉ ယောက်က စိုးရိမ်ရကြောင်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရှိထားသူတွေထဲ အကျဉ်းထောင်မှာကုသလို့မရနိုင်ဘဲ ပြင်ပဆေးရုံကို အရေးတကြီး ပို့ဆောင်ဖို့ လိုအပ်သူတွေ ရှိနေပေမယ့် ရက်ပိုင်းကြာလာတဲ့အထိ ကုသခွင့်မရရှိသေးကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာ ရရှိထားတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေရော အခြားအကျဥ်းသားတွေပါ ပါတယ်။ အနည်းဆုံး အယောက် ၄၀အထိ ရှိတယ်လို့ ကျနော်တို့ အတည်ပြုထားပြီးပါပြီ။ အထူးသဖြင့်တော့ ခေါင်းမှာ ဒဏ်ရာရတာ၊ လက်ကျိုး၊ ခြေကျိုးထားတဲ့ အခြေအနေတွေပါ။ တချို့အခြေအနေတွေမှာ ထောင်ထဲမှာပဲ ဆရာဝန်နဲ့ကုသလို့ရပေမယ့် နဂိုကတည်းက ထောင်ဆိုတာ ဆေးဝါးအင်အားနဲ့ လူအင်အားမလုံ​လောက်တာဆိုတော့ နဂိုတည်းက စိိုးရိမ်ရတဲ့အနေထားပါ။ အခုချိန်အထိလည်း ဆေးကုသခွင့် မပေးသေးပါဘူး။”လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ထိခိုက်ဒဏ်ရာရရှိထားတဲ့ အကျဥ်းသားတွေကို မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်တွေ့ဆုံခွင့်မပေးထားဘူးလို့ သိရပါတယ်။

“အထဲမှာ ဖြစ်နေတာတွေကို အပြင်က သိသွားမှာရယ်၊ ပုံမှန်ဆို နေ့ချင်းပြန်ပဲ​ ဆေးရုံပို့တယ်ဆိုပေမယ့်  အခုတော့ လုံခြုံရေးနဲ့ လူအင်အားတွေ သူတို့မှာမရှိတော့ဘူးလို့မြင်တယ်။ 

ပြီးတော့ ပြင်ပဆေးရုံပို့မယ်​ဆိုလည်း ပြန်ခေါ်လို့ မလွယ်တာကြောင့် ထောင်ထဲမှာပဲ ကုထားမယ့် အ​​ခြေအနေနဲ့ ထားထားတယ်လို့တော့ သိရပါတယ်။” လို့ ကိုသိုက်ထွန်းဦး က ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် အမျိုးသမီးအဆောင် အဆောင်(၁)နဲ့ အဆောင်(၂) အပါအဝင် အမျိုးသမီးဆေးရုံဆောင်တွေ ပြိုကျပျက်စီးခဲ့သလို အမျိုးသားအဆောင်အလုပ်ရုံနဲ့ ကာရံထားတဲ့ အုတ်ရိုးတွေလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေအရ အကျဉ်းထောင်အတွင်း ဆေးဝါးလိုအပ်ချက်တွေ ရှိနေပြီး အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေးရည်၊ ပတ်တီး စတဲ့ ဆေးဝါးပစ္စည်းတွေ အဓိက လိုအပ်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ မြို့တွင်းမှာပိတ်မိနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ KIA နဲ့ စစ်ကောင်စီတို့ရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်  ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ ပိတ်မိနေတယ်လို့  ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

စက်တင်ဘာလ ပထမပတ်အတွင်းမှာပင် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထား

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီ တောင်ပိုင်းတိုင်းဒေသအတွင်း ပြည်သူ ၃ဦးကို ရှင်းလင်းခဲ့ပြီး ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်မယ့် ‘ကျည်ကာတပ်ဆင် ရွှေမန်းဝင်’ ကမ်ပိန်း

စစ်အာဏာရှင်ဖြုတ်ချရေး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြေပြင်ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်​ဒေသ၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းက ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။