မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးမြို့နယ် နဲ့ မတ္တရာမြို့နယ်က နေရာတစ်ချို့မှာ ထိခိုက်ဒဏ်ရာရ ပြည်သူတွေကို ခွဲစိတ်ကုသခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ငလျင်ဒဏ်သင့်ပြည်သူတွေကို CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာပါ။ 

ဒါအပြင် NUG ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပေါ်နိုင်တဲ့ ကူးစက်ရောဂါတွေအတွက်လည်း ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတွင် စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ဦးနှင့် ပြည်သူ (၁) ဦးသေဆုံး၊ (၁) ဦး ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ယောက်နဲ့ ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်၊ ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်းရှိ ရေနံကုန်းကွက်သစ်ကို စစ်အုပ်စု အင်အားအလုံးအရင်းသုံး မီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-ကျောက္ကာလမ်းပိုင်းမှာ သံချပ်ကာကားတွေ အသုံးပြုစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ရေနံချက်ဖိုတွေရှိရာ ရေနံကုန်းကွက်သစ်ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။