ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatuchak စျေးအနီး ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦးဟာ မတ်လ ၂၈ ရက် ငလျင်ကြောင့် ပြိုကျခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာတွေအပါအဝင် အလုပ်သမားတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦး ပြိုကျပြီး ထိခိုက်သေဆုံးတာနဲ့ ပျောက်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ မတ်လ ၂၉ ရက်ကစပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ​NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပြိုကျခဲ့တဲ့နေရာကို နေ့စဉ်ရက်ဆက် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလုပ်ငန်းခွင်အတွင်း အသက်မသေဘဲ လွတ်မြောက်လာတဲ့ အလုပ်သမားတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားပြောကြားတာ၊ လိုအပ်တာတွေ ကူညီပံ့ပိုးပေးတာနဲ့ ပြင်းထန်ဒဏ်ရာရသူတွေကို သွားရောက်တွေ့ဆုံကာ မိသားစုတွေနဲ့ ဆက်သွယ်ပေးတာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိပြီး ဆေးကုသဆဲ အလုပ်သမား (၉) ယောက်အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၈) ယောက်၊ သေဆုံးသူ အလုပ်သမား (၁၅) ယောက်အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) ယောက်ကို အတည်ပြုထားနိုင်ပြီး အဆိုပါ အလုပ်သမားတွေရဲ့ နစ်နာမှုတွေအတွက် ဥပဒေနဲ့အညီ ဆက်လက် ကူညီဆောင်ရွက် ပေးသွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပြည်နယ်နှင့် ယူနစ်များကို လေကြောင်းတိုက်ခိုက်လေ့ရှိသည့် လေဆိပ်နှင့် လေယာဉ်အမျိုးအစားများကို EAR နှင့် မိတ်ဖက်များ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route (EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းအန္တရာယ် အသိပညာပေးစာစောင်များနှင့် ဗီနိုင်းများ ပြည်သူလူထုဆီ ဖြန့်ဝေခဲ့ (ဓာတ်ပုံသတင်း)

လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြည်သူတွေ အလွယ်တကူ လေ့လာသိရှိ နားလည်ဆောင်ရွက်နိုင်အောင် လေကြောင်းအန္တရာယ် အသိပညာပေး စာစောင်တွေနဲ့ ဗီနိုင်းတွေကို လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေဆီ မျှဝေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။ 
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ အဓမ္မပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ်များ ပြည်သူ့ရင်ခွင်ခိုလှုံရန် NUG အစိုးရ တိုက်တွန်း၊ လူငယ် ၇ သောင်းနီးပါးကို စစ်ကောင်စီ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ စစ်မြေပြင်များဆီ စေလွှတ်အသုံးချနေဟု ဆို

အပတ်စဥ် ၁ ခုကို စစ်သားသစ် ၄၀၀၀ ရရှိအောင် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဓမ္မ ဖမ်းဆီး ပေါ်တာဆွဲခံရကာ စစ်သားဖြစ်လာတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့မှာ အသိပေးဖိတ်ခေါ်ချက် ထုတ်ပြန်ကာ တိုက်တွန်းနှိုးဆော်ထားပါတယ်။