နိုင်ငံတစ်ဝန်း ငလျင်ဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရတဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ရကြောင်း  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်းလုပ်ဆောင်နေရတဲ့ကာလတွေမှာ အာဏာသိမ်းစစ်တပ်က စုစုပေါင်း တိုက်ခိုက်မှု ၃၂ ကြိမ်အတွင်း အရပ်သား ပြည်သူ အယောက် ၅၀ ကျော် သေဆုံးခဲ့ပြီး ၄၉ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေထဲမှာ ငလျင်ဒဏ်သင့် နေရာတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တို့ အပါအဝင် နေရာပေါင်း ၁၁ နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ NUCC က ထုတ်ပြန်ပါတယ်။

NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေတိုင်းရင်းသားလက်နက်ကိုင်တွက ငလျင်ကြောင့် အပစ်ရပ်ထားမယ်လို့ ကနဦး ထုတ်ပြန်ထားချိန်မှာ စစ်ကောင်စီက တိုက်ခိုက်မှုတွေကို ရပ်နားခဲ့ခြင်းမရှိပါဘူး။

ငလျင်ဒဏ်သင့်ကာလမှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်မိပြီးနောက်မှာမှ စစ်ကောင်စီလည်း ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကြောင်း မနေ့က ဧပြီလ ၂ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့ရ

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

ဖားကန့်ကျောက်ဝိုင်း ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ရပေမယ့် ဘယ်အဖွဲ့လာပစ်လဲဆိုတာ အခုထိ မသိရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ မနေ့ညက အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူအများအပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပါတယ်။
Read More

တောင်ငူမြို့ရှိ စစ်ကောင်စီ၏ ခလရ ၃၉ ကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်၊ အရာရှိ ၂ ဦးအပါ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ တစ်နှစ်တာအတွင်း ပြည်သူ ၅ ထောင်ကျော်နဲ့ ရဲဘော် ၂ ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း လောင်းလုံး PDF ထုတ်ပြန်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငဖဲမှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။