ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို ငြင်းပယ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ကယ်ဆယ်ရေး လာရောက်လုပ်ဆောင်လိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကြိုဆိုလက်ခံသွားမယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုတွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ချင်တဲ့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းနဲ့အညီ အကြောင်းကြားသတင်းပို့လာရင် ကြိုဆိုလက်ခံမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ ငလျင်ကို ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့ နိုင်ငံပေါင်း ၁၅ နိုင်ငံက ကူညီထောက်ပံ့မှု လေယာဉ် ၅၃ စီး၊ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၉၁၅ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ပြည်ဝင်ခွင့်မရခဲ့သည့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့

နိုင်ငံတကာက ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၅၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၄၉၅ တန်ကျော် ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။ လာရောက်ကူညီလိုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြိုတင်အသိပေး အကြောင်းကြားတာတွေ ပြုလုပ်ဖို့ လည်း စစ်ကောင်စီက အသိပေးပါတယ်။ 

ထိုင်ဝမ်က ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၂၆ ယောက်ပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ မင်းအောင်လှိုင်ရဲ့ ပြည်ဝင်ခွင့် ခွင့်ပြချက်မရတာကြောင့် မြန်မာပြည် လာရောက်ကူညီဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

မင်းအောင်လှိုင်ဟာ ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ်မပြုဘဲ တရုတ်အစိုးရပိုင် နယ်မြေအဖြစ်သာသတ်မှတ်ပြီး တရုတ်အစိုးရ အလိုကျ ထိုင်ဝမ်နဲ့ ဆက်ဆံရေးကို လျှော့ချထားခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

0 Shares:
You May Also Like
Read More

သိမ်ဇရပ်မြို့၊ ခမရ ၂၀၇ ၏ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ အနီးရှိ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့် နွံကန်ပြိုကျမှုကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် သေဆုံးသူ ၃၂ ယောက်အထိ ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိ ရှိခဲ့ပြီး ကလေးငယ်တွေကနေ ကိုယ်ဝန်ဆောင်မိခင်အထိပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

အရာတော်တွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ဖမ်းဆီးထားသည့် ဓားစားခံ ၄ ဦးနှင့် ဘုန်းကြီးတစ်ပါးအား ကယ်ထုတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ရေဦး တိုက်နယ်ဆေးရုံကို စစ်တပ် အကြောင်းမဲ့ ဗုံးကြဲလို့ ဆေးရုံအဆောက်အအုံများ ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောရွာက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးပြီး ဒေသခံ ၁ ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) ရဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတစ်ယောက် ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။