အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအနေနဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ငလျင်ဘေးဆိုင်ရာ အရေးပေါ်ကူညီနိုင်ရေးကော်မတီကို အရေးပေါ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ငလျင်ဘေးဆိုင်ရာ အရေးပေါ်ကူညီနိုင်ရေးကော်မတီရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဧပြီ ၃ ရက် ဒီနေ့မှာ ဂျပန်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Rengo)ရဲ့ တာဝန်ခံတွေ၊ အသေးစား အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ(JAM) ရဲ့ ဥက္ကဌ၊ တာဝန်ခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာတော့ ငလျင်ဘေးအတွက် အရေးပေါ်အကူအညီနဲ့ နောက်ဆက်တွဲ အကူအညီတွေ ပေးဖို့အတွက် လက်ရှိပြည်တွင်းအခြေအနေတွေကို ရှင်းပြကာ မေတ္တာရပ်ခံတောင်းဆိုစာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Rengo နဲ့ JAM တာဝန်ခံတွေက ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် အလွန်ဝမ်းနည်း နာကျင်ရပြီး အကောင်းဆုံးပြန်လည်ထူထောင်နိုင်ဖို့ ဆုတောင်းပေးသလို ငလျင်ဘေးသင့်ပြည်သူတွေအတွက် တစ်ဆင့်ချင်း အကူအညီပေးအပ်သွားမယ်လို့ အားပေးစကားတွေ ပြန်လည်ပြောကြားခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဥရောပအခြေစိုက် Airbus ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းပေးနေတဲ့ AVIC ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆို

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus အနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းချနေတဲ့ တရုတ်အစိုးရပိုင် AVIC နဲ့ ပူးပေါင်းနေမှုကို ရပ်တန်းက အမြန်ဆုံးရပ်ဖို့ မြန်မာပြည်သူတွေတောင်းဆိုသင့်ပြီလို့ သွေးစွန်းငွေ ဖြတ်တောက်ရေး (Blood Money Campaign ) အဖွဲ့က တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

ကျားဖြန့်နဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာပြည်က စတားလင့် ၂၅၀၀ ကျော် SpaceX ဖြတ်တောက်

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရမှုကို NUG အလုပ်သမားရေးဝန်ကြီးဌာန အမှုဖွင့်တိုင်ကြား…

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ ပါကေးစက်ရုံမှာ မြန်မာလုပ်သား အယောက် ၆၀ ကျော် နစ်နာကြေးမရရှိဘဲ အလုပ်ကနေ မတရားထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်မောင်လွင်၏ တစ်လုံးတည်းသော သွင်းဂိုဖြင့် မန်ယူကို အာဆီယံအသင်း အနိုင်ရ

မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီယနေ့ မေလ ၂၈ ရက်ညပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အာဆီယံလက်ရွေးစင်အသင်းတို့ ပွဲစဥ်မှာ အာဆီယံလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆီယံအသင်း အနိုင်ရသွားခဲ့ပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။