ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။ 

မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်မှာ ပိတ်မိနေသူ အများအပြားရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ကိုလည်း အချိန် ၁ရက်ကျော်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း၊ အဲ့ဒီနောက် ကယ်ဆယ်ရေးလုပ်ဆောင်ပြီး ကယ်ထုတ်နိုင်သူတချို့ ရှိခဲ့ပေမယ့် တစ်ညနဲ့ တစ်မနက်လုပ်ဆောင်အပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဟိုတယ်ဘက်က ဆက်လက်လုပ်ကိုင်ခွင့်မပြုတော့ကြောင်း Speakout လုပ်ပေးနေသူ ၁ယောက်က ပြောပါတယ်။

“အဲ့နေ့ ကယ်ဆယ်ရေးလုပ်ဖို့ကိုတောင် အတင်းပြောလို့ပါ။ အဲ့ဒါ ဟိုတယ် အရှေ့ဖက်ကိုပဲ နည်းနည်းပဲလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ၆ယောက်လောက်ပဲကယ်ထုတ်ရသေးတယ်​။ အနောက်ဖက်ပိုင်းကို တက်ပြီးလုပ်မယ်ဆိုတော့ ဟိုတယ်ဘက်က ခွင့်မပြုလို့ ကယ်ဆယ်ရေးသမားတွေလည်း မတတ်နိုင်လို့ ပြန်ခဲ့ရပါတယ်။” လို့ Speakout လုပ်ပေးနေသူ ၁ယောက်က မောင်းကိုပြောပါတယ်။

ဂရိတ်ဝေါဟိုတယ်မြင်ကွင်း

ဂရိတ်ဝေါဟိုတယ်ဘက်က ပိတ်မိနေသူတွေကို ဆက်လက်ကယ်ထုတ်ခွင့်မပေးတော့သလို ဟိုတယ်ကို ဖြိုချဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေဘက်က တောင်းဆိုရာမှာလည်း ခွင့်မပြုပေးခဲ့ကြောင်း၊ တည်းခိုသူတွေရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း လာဘ်ယူပြီးမှသာ ထုတ်ယူခွင့်ပေးကြောင်း သိရပါတယ်။

အခုလိုမျိုးပိတ်မိတဲ့ရက် ကြာလာတဲ့အတွက် ကျန်ရစ်တဲ့မိသားစုဝင်တွေဘက်က ပိတ်မိနေသူတွေရဲ့ အဆိုးဆုံးအခြေအနေအထိ မျှော်လင့်ထားတာကြောင့် ဟိုတယ်ဘက်က အမြန်ဆုံးလိုက်လျောပေးသင့်တယ်လို့လည်း တောင်းဆိုနေကြပါတယ်။ 

“အခုချိန်ထိ ကယ်ဆယ်မှုတွေ လုံးဝမရှိသေးတာပါ။ ဟိုတယ်ဘက်က ခွင့်မပြုသေးတာပေါ့။ ဟိုတယ်၀န်ထမ်းတချို့ကိုပဲ အဲ့နားမှာ ကင်းစောင့်ခိုင်းသလိုနဲ့ သန့်ရှင်းရေးဟန်ပြလုပ်ခိုင်းထားတယ်။ ဒါပဲရှိတယ်။ ဘာမှမလုပ်ပေးဘူး။ လုပ်ခွင့်လည်း မပေးထားဘူး ပြောတယ်။ အထက်ကိုတင်ပြပြီးမှ လုပ်ရမယ်လို့ ပြောပေမယ့် အခုအချိန်ထိ ဘာသတင်းမှ မကြားရသေးတာ။ နောက်ပြီးတော့ ဟိုတယ်ပိုင်ရှင်ကို ကျနော်တို့ဘက်က ဖုန်းဆက်တဲ့အခါ အစကတော့ဆက်သွယ်ရပေမယ့် နောက်ပိုင်းတော့ ဖုန်းကိုအကုန်ချပစ်တယ်။” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

သူကပဲဆက်လက်ပြီး ” အခုက အနံ့တွေတောင်ထွက်နေပြီလို့သိရတယ်။ အဲ့တော့မိသားစုဝင်တွေက အဆိုးဆုံး အသက်ရှင်လျက်မရရင်တောင် Dead Body လေးပဲ ပြန်ရဖို့တောင်းဆိုနေကြတာပါ။” လို့မောင်းကိုပြောခဲ့ပါတယ်။

လက်ရှိမှာ ငလျင်ဒဏ်ကြောင့် နိုင်ငံနဲ့တစ်ဝှမ်း သေဆုံးသူ ၂၉၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိထားရပြီး စစ်ကောင်စီက အခုချိန်ထိ ထိရောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးပါဘူး။

တောင်းဆိုနေကြသည့် မိသားစုဝင်များ
တောင်းဆိုနေကြသည့် မိသားစုဝင်များ
0 Shares:
You May Also Like
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

ပုလောမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၅၉၀ ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို PDF ရင်း၂ ရင်းနှင့် KNLA ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၄ လောင်း ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) - P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုများကြား ကလေးငယ်များကို ကယ်ထုတ်ပေးခဲ့သည့် ရဲဘော် မြင့်မြတ်စိုး (ခ) အာနိုး လက်နက်ကြီးထိမှန် ကျဆုံးခဲ့

မေလ ၁၅ရက် ညပိုင်းက ချောင်းဦးမြို့ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးလုံးတင်ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးနဲ့ ကရင်အစပ်က တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံး

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ - သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
Read More

ကန့်ဘလူ၊ ကာဘိုးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှာအင်အား၅၀နီးပါးနဲ့တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးရဲဘော်တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။