ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ အယောက် ၄၀ ကျော် ရှိနေပြီးဖြစ်တဲ့ မင်းကွန်းဒေသက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမင်းကွန်းဒေသက မြသိန်းတန်စေတီအပါအဝင် စစ်ကိုင်းတောင်ရိုးက ဘုရားကျောင်းကန်တွေ ပြိုကျခဲ့သလို နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်အထိ သေဆုံးသူ ၄၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေပြီး အရပ်သားတွေ၊ ဘုန်းကြီး၊ သီလရှင်တွေနဲ့ စစ်အုပ်စုတွေလည်း ပါဝင်ကြောင်း၊ စစ်ကောင်စီက ထိရောက်တဲ့ကယ်ဆယ်ရေးတွေ မလုပ်ဆောင်တာကြောင့် ဘုန်းကြီးတွေနဲ့ အရပ်သားတွေကပဲ အဓိကလုပ်ဆောင်နေရကြောင်း သိရပါတယ်။

“သေဆုံးသူတွေက ကျနော်တို့ စိုးမိုးနယ်မြေထဲရော စကစနယ်မြေရော ပါတယ်ပေါ့။ အယောက် ၄၀ကျော်နိုင်ပါတယ်။ တစ်နယ်လုံးဆိုတော့ ကျနော်တို့ စာရင်းမရတာတွေလည်း ရှိပါတယ်။ ဒဏ်ရာရတဲ့သူကလည်း များပါတယ်။ စကစကလည်း လုံးဝမကူတဲ့အနေအထားပါ။” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိမှာ မင်းကွန်းဒေသအပြင် မတ္တရာမြို့နယ်အထိပါ လူထုကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေကြောင်းနဲ့ ကျေးရွာတွေအတွင်း ပျက်စီးသွားတဲ့ ရေတွင်းရေကန်တွေအတွက်လည်း အကူအညီတွေလိုအပ်နေကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။

“လက်ရှိတော့ ကျနော်တို့စိုးမိုးနယ်မြေတွေထဲမှာပဲ ကူညီပေးနိုင်တာပါ။ အခက်အခဲကတော့ ခရီးကြမ်းပြီး သွားရတာဝေးတာပါ။ ဒဏ်ရာရတဲ့သူ အများစုကလည်း ဓာတ်မှန်ရိုက်ရတဲ့ ဒဏ်ရာတွေဆိုတော့  ဓာတ်မှန်ရိုက်လို့ရတဲ့ ဆေးရုံအထိပို့ရတာ ခရီးလမ်းဝေးတာနဲ့ ကြမ်းတာနဲ့ အခက်အခဲဖြစ်ကြတယ်။ ပြီးတော့ ဓာတ်ဆီ ဒီဇယ်စျေးကြီးပြီး ရှားပါးနေတာပါ။” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရပြီး စစ်ကောင်စီက ထိရောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ခြင်း မရှိတာလည်း ဖြစ်ပါတယ်။

မင်းကွန်းဒေသ၊ စိုးမိုးနယ်မြေအတွင်း ထိခိုက်ဒဏ်ရာရသူများကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဝင်များ ကူညီကယ်ဆယ်နေစဥ် (ဓာတ်ပုံ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့)

0 Shares:
You May Also Like
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျေးရွာများတွင် အင်အားဖြည့်နေသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်မှာ ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂  ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိကာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးနေကြောင်း ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တရုတ်-မြန်မာ နယ်စပ်မှာ မူဝါဒအမျိုးမျိုးတွေကြား မြန်မာကုန်သည်တွေ ပိတ်မိနေ

မူဆယ်-ရွှေလီ တနိုင်တပိုင် နယ်စပ်ကုန်စည်ဖြတ်သန်းမှုကို တရုတ်က ကန့်သတ်ပိတ်ပင်လိုက်လို့  မြန်မာကုန်သည်အများစု အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
Read More

ထားဝယ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ မနက်ပိုင်း အလံတင်အလေးပြု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခရိုင်လှုပ်ရှားတပ်ရဲဘော်တွေ တစ်နေ့တာအစ မနက်ပိုင်းမှာ အလံတင်အလေးပြုတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။