ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို ငြင်းပယ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ကယ်ဆယ်ရေး လာရောက်လုပ်ဆောင်လိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကြိုဆိုလက်ခံသွားမယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုတွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ချင်တဲ့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းနဲ့အညီ အကြောင်းကြားသတင်းပို့လာရင် ကြိုဆိုလက်ခံမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ ငလျင်ကို ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့ နိုင်ငံပေါင်း ၁၅ နိုင်ငံက ကူညီထောက်ပံ့မှု လေယာဉ် ၅၃ စီး၊ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၉၁၅ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ပြည်ဝင်ခွင့်မရခဲ့သည့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့

နိုင်ငံတကာက ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၅၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၄၉၅ တန်ကျော် ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။ လာရောက်ကူညီလိုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြိုတင်အသိပေး အကြောင်းကြားတာတွေ ပြုလုပ်ဖို့ လည်း စစ်ကောင်စီက အသိပေးပါတယ်။ 

ထိုင်ဝမ်က ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၂၆ ယောက်ပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ မင်းအောင်လှိုင်ရဲ့ ပြည်ဝင်ခွင့် ခွင့်ပြချက်မရတာကြောင့် မြန်မာပြည် လာရောက်ကူညီဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

မင်းအောင်လှိုင်ဟာ ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ်မပြုဘဲ တရုတ်အစိုးရပိုင် နယ်မြေအဖြစ်သာသတ်မှတ်ပြီး တရုတ်အစိုးရ အလိုကျ ထိုင်ဝမ်နဲ့ ဆက်ဆံရေးကို လျှော့ချထားခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်မှာ စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
Read More

အတင်းအဓမ္မ ပြန်လည်စုဆောင်းခံရသည့် တပ်ကြပ်အပါအဝင် စစ်မှုထမ်း ၂ ဦး ရှေ့တန်းတွင် ထွက်ပြေးအလင်းဝင်

သြဂုတ်လဆန်းပိုင်းကစလို့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲထဲကနေ စစ်မှုထမ်း ၂ ယောက် ထွက်ပြေးကာ အလင်းဝင်လာခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင် ကျရှုံးရင် ရိုးရာပွဲတော်တွေ ပျော်ရွှင်ခမ်းနားစွာ ကျင်းပနိုင်မှာဖြစ်လို့ တော်လှန်ရေးမှာ ဆက်လက်ဝန်းရံပေးဖို့ ဒီပါ၀လီနေ့မှာ CRPH သဝဏ်လွှာပေးပို့

စစ်အာဏာရှင် ကျရှုံးရင် ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်တွေကို ပိုမိုပျော်ရွှင်စွာကျင်းပနိုင်မှာ ဖြစ်လို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဟိန္ဒူဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ  မီးထွန်းပွဲတော် ဒီပါဝလီနေ့ အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကသဝဏ်လွှာပေးပို့ဆုတောင်းလိုက်ပါတယ်။
Read More

ရေဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို လက်ခံဖို့ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြော

စစ်သားတွေရဲ့ အသက်ကိုငဲ့ညှာပြီး ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံပေးပါလို့ AA က သုံးပန့်အဖြစ် ဖမ်းဆီးထားတဲ့ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောကြားလိုက်ပါတယ်။