အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ အပစ်ရပ်ထားကြောင်း ကြေညာထားပေမယ့် လက်တွေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေ စဥ်ဆက်မပြတ် ပြုလုပ်နေတယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုတာပါ။

ဒီကနေ့ ဧပြီလ (၃) ရက်နေ့၊ နံနက် (၆) နာရီခန့်မှာ စစ်ကောင်စီတပ်တွေဟာ  ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းက  တင့်ကား (၂) စီးနဲ့ စစ်ကြောင်းထိုးခဲ့ပြီး လမ်းတလျှောက်ကျေးရွာတွေဖြစ်တဲ့ မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာတွေက အရပ်သားနေအိမ်တွေကို ပွိုင့် (၅) စက်သေနတ်ကြီး အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အလားတူ ဒီကနေ့ မနက်ပိုင်းမှာပဲ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်က တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့   MI-2 ဘက်စုံသုံး ရဟတ်ယာဥ်ဟာ  စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်း၊ စန်းဆိုင်၊ ပဲနို့ဆွတ် ရွာနဲ့ရွှေမှော်အနီးကို ဗုံးသီး (၁၃)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ NUG ကပြောပါတယ်။

ဧပြီလ၂ရက်ကနေ ၂၂ ရက်အထိ အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ ဟုမ္မလင်းမြို့၊ သပိတ်ကျင်းမြို့တို့ကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ညောင်ဦးမြို့ ကကျေးရွာတွေကို တင့်ကားတွေနဲ့ စစ်ကြောင်းထိုးကာ အရပ်သားနေအိမ်တွေကို ပစ်ခတ်မီးရှို့တာတွေလုပ်ဆောင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။ 

အလားတူပဲ ဒီကနေ့ မွန်းလွဲပိုင်းမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ (၇) မိုင်ကျေးရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့တယ်လို့ NUG က ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

ဒီဖြစ်စဥ်တွေကြောင့် ညောင်ဦးနဲ့ ချောက်မြို့နယ်ကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူ နှစ်သောင်းခန့် စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် ဒီကနေ့ ဧပြီလ (၃) ရက်နေ့၊ နံနက် (၂) နာရီခန့်မှာလည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သဲတောကျေးရွာကို အကြမ်းဖက်စစ်တပ်က Paramotor (၃) နဲ့ ၁၂၀ မမ ဗုံးသီး (၈)လုံးကြဲချ တိုက်ခိုက်ခဲ့လို့ အလယ်တန်းစာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ထပ်မံသိရှိရပါတယ်။

0 Shares:
You May Also Like
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုစောင့်ကြည့်ခံနေရတဲ့ သရက်ကန်ရွာထဲက အရပ်သား၄၀ ကျော် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေ ပိတ်ဆို့စောင့်ကြည့်နေတဲ့ သရက်ကန်ရွာကနေ အရပ်သား ၄၀ ကျော် တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများပြား

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။
Read More

NPT-PDF ရဲဘော် ၇၇ ယောက်ကို ပထမအကြိမ်အဖြစ် တပ်မှူးငယ် သင်တန်းပို့ချခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမှာ စစ်တပ်တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ဆီက သိရပါတယ်။