ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။ 

ကျုံဒိုးမြို့နယ်၊ မြောက်ကြာအင်းအုပ်စု၊ ဝိဇ္ဇာကုန်း ကျေးရွာအတွင်း ဧပြီလ (၁) ရက် ညနေပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက် စစ်ကောင်စီရဲ့ စကခ−၁၂ လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းက ၁၂၀ မမ လက်နက်ကြီး (၅) လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီး (ဓာတ်ပုံ KNU)

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝိဇ္ဇာကုန်းကျေးရွာနေ အသက် (၅၇) နှစ် အရွယ်ရှိ အမျိုးသမီး (၁) ယောက် နှလုံးဖောက်ကာ နောက်ပြန်လဲပြီး အုတ်ခံနဲ့ နောက်စေ့ ထိမိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်း ပြည်သူတွေ သဘာဝဘေးဒဏ်ကြောင့် အသက်အိုးအိမ်ပစ္စည်းတွေ ဆုံးရှုံးခဲ့ရပြီး ဒုက္ခရောက်နေချိန်မှာ လူသားချင်း စာနာထောက်ထားမှု မရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီး ကျည် အပိုင်းအစများ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ် နေအိမ်မီးရှို့ဖျက်ဆီးမှုများအနက် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး၏ ၆၉ ရာခိုင်နှုန်းအထိ ရှိနေ

အာဏာသိမ်းစစ်တပ်ရဲ့ ကျေးရွာတွေအတွင်း စစ်‌ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးရမှုတွေထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇ သောင်းကျော်အထိ ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်း အများဆုံးဖြစ်ခဲ့တယ်လို့ Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမှာ စစ်တပ်ထုတ်ကုန် အရက်၊ဘီယာတွေကို ဖျက်ဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်နဲ့ဘီယာတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရပါတယ်။
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၁၅ တပ်ရင်း၏ စစ်ဆေးရေးဂိတ်ကို MBT နှင့် ပူးပေါင်းတပ်များ ပြောက်ကျားဝင်ပစ်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ -၁၅ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။