မြိတ်မြို့နယ်မှာ စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းလောက်မှာ မြိတ်မြို့နယ်ဘက်ကမေ တနင်္သာရီမြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကား ၇ စီးပါ ယာဉ်တန်းကို မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တော်လှန်ရေး ရဲဘော်တွေက မြိတ်မြို့နယ်၊ လသာရွာအနီးမှာ မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- မင်းထက်ကျော်၏ ပြောကြားချက် (ရုပ်/သံ)

''စစ်ကောင်စီက လူမျိုးရေးလည်း ခွဲခြားတယ်။ ရခိုင်ဆိုရင် သတင်းပေးလို့လည်း ထင်တယ်။ ရခိုင် ဆိုရင် မင်းတို့ AA ကနေ ထွက်ပြေးလာတာ။ သတင်းပေးဘာညာနဲ့ တအား ခိုင်းတာတွေ။ ကျွန်တော်တို့ မလုပ်ချင်တာတွေကို အတင်းခိုင်းတာ။ စစ်ကောင်စီအစထဲက မကြိုက်တာ။ ရာထူးရှိတဲ့သူဆိုရင် အောက်ကိုကောင်ကို ဖိနှိပ်ဆက်ဆံတာတွေလည်းရှိတယ်''
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာက စစ်ကောင်စီအမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် ၃၁၈ ကို အောက်တိုဘာ ၈ ရက်မှာ SDDF Missile Team က ထုတ်လုပ်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Southern Military Region အဖွဲ့ထံကနေ သိရပါတယ်။
Read More

မန္တလေး-နေပြည်တော်အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဉ် ၁ စီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၂၁၄ မိုင် ၆ ဖာလုံမှာ မတ်လ ၁၂ ရက် မနေ့ ညနေပိုင်းက  ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကပစ ၂၂ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကနေ မြင်းခြံမြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပခုက္ကူခရိုင် ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force အဖွဲ့ထံက သိရပါတယ်။