ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ညောင်ဇင်ရပ်ကွက် နှင့် ရွှေပြည်သာရပ်ကွက်များရှိ နေအိမ်များကို စစ်ကောင်စီက မတ်လ (၃၁)ရက်နေ့တွင် အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မီးရှို့ဖျက်ဆီးခဲ့မှုကြောင့်  ဧပြီလ (၁)ရက်နေ့ ညပိုင်းအထိ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် (၆)လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ရုပ်သံ- KNDF

0 Shares:
You May Also Like
Read More

စလင်းမြို့နယ် အကြမ်းဖက်စစ်တပ် အထိုင်ချဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်အုပ်စု ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ပျူစောထီး ပူးပေါင်းအထိုင်ချဂိတ်စခန်းကို မတ်လ ၄ ရက် မနေ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၂ ခုမှ သမဂ္ဂကျောင်းသား၊ကျောင်းသူများ ပါဝင်ဖျော်ဖြေခဲ့သည့် ”အတာစိုးမယ့် တမာမိုးသံချပ်” (ရုပ်/သံ)

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ် ၁၂ ခုက သမဂ္ဂကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ဖျော်ဖြေခဲ့တဲ့ ''အတာစိုးမယ့် တမာမိုးသံချပ်'' ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

ဟားခါးမြို့နယ် စာသင်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ကလေးအချို့ ပျောက်ဆုံးနေ (ရုပ်/သံ)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် (၁၀)နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ တစ်ဦး၏ နာရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တရုတ်ကြီး စျာပန (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက ရဲဘော်တရုတ်ကြီးရဲ့ နာရေးစျာပနကို အောက်တိုဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သထုံခရိုင် အမှတ်(၁) PDF တပ်ရင်းကို ပြည်ပရောက်မြန်မာတွေက စောင်တွေလှူဒါန်း (ရုပ်/သံ)

သထုံခရိုင် အမှတ် ၁ PDF တပ်ရင်းမှာ ရဲဘော်တွေ အမှန်တကယ်လိုအပ်နေတဲ့ စောင်တွေကို ထောက်ပို့ပံ့ပိုးကူညီပေးကြတဲ့ ပြည်ပက အမည်မဖော်လိုတဲ့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း အဆိုပါ တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။