ငလျင်ဒဏ်သင့် နေရာတွေကို ကူညီကယ်ဆယ်ရေးတွေ မလုပ်ဆောင်ဘဲ ဘုရားစောင်းတန်းနဲ့ မန္တလေးမြို့ရိုးမှာ ပြိုကျနေတဲ့ အုတ်နီခဲတွေကို သယ်ယူနေတဲ့ ရဲနဲ့ စစ်သားတွေကို ပြည်သူတွေက ဝေဖန်နေပါတယ်။

ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေ ကယ် ဆယ်ရေးနဲ့ သေဆုံးသွားသူတွေ အလောင်းထုတ်ယူနိုင်ရေးကို နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ၊ အရပ်ဘက်လူမှုကူညီရေးအသင်းတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းလုပ်ဆောင်နေချိန်မှာ စစ်သားနဲ့ ရဲတွေက ဘုရားစောင်းတန်းနဲ့ မန္တလေးမြို့ရိုးမှာ ပြိုကျနေတဲ့ အပျက်အစီးတွေကို ရှင်းလင်းနေတဲ့အတွက် ပြည်သူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဆောက်အအုံတွေ ပြိုကျပြီး သေဆုံးခဲ့ရသူ ၂၈၈၆ ယောက်ရှိလာပြီ ဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

MNDAA တပ်များ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည့် လားရှိုးမြို့တွင် စစ်ကောင်စီ ဆေးရုံဖွင့်ပွဲ ပြုလုပ် (ရုပ်/သံ)

MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တဲ့ လားရှိုးမြို့မှာ စစ်ကောင်စီက မေလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ဆေးရုံဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ စစ်ကော်မရှင်တပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ One More စစ်ကြောင်းတာဝန်ခံဆီက သိရပါတယ်။ 
Read More

မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို ဒီနေ့စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ထော-င်ချောက် ကြီး ‼️‼️

“တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လူထုအားဖြင့် ဆန့်ကျင်ကြ” “ သင့်မဲဖြင့် တရားဝင် လူသ-တ်ခွင့် မပေးနဲ့”
Read More

ရေဦးမြို့ ပျူစောထီးသင်တန်းဆင်းပွဲကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု နယ်ထိန်းရဲအပါအဝင် ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ် ထွေအုပ်ရုံးအတွင်း နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပျူ စောထီးသင်တန်းဆင်းပွဲပြုလုပ်နေချိန် Fixed-Wing Drone တွေနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့ တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

မန္တလေးတိုင်းအတွင်း ယနေ့မနက်အစောပိုင်း အင်အားအသင့်တင့်ရှိ ငလျင် ၂ ခု လှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့တို့မှာ အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။