မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၁ရက်၊ မနေ့က မနက်အစောပိုင်းမှာ တလုပ်မြို့ရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အင်အား ၁၅ယောက်ဝန်းကျင်နဲ့ ကင်းပတ်ထွက်လာချိန်မှာ တော်လှန်ရေးတပ်တွေက လမ်းခုလတ်တစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တလုပ်မြို့ရွာအထွက် ရွာအနောက်ဘက်မှာ နှစ်ဖက်ထိတွေ့မှု မိနစ်၂၀ကြာ ရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

“စခတွေ လှည့်ကင်းထွက်လာချိန်ကိုစောင့်ပြီး ရှောင်တခင် ပစ်ခဲ့ရတာပါ။ ပစ်နေတဲ့အချိန်မှာ သူတို့ဘက်က လဲကျသွားတာတွေရှိပေမယ့်အရေအတွက် တန်းမသိရဘူး။ နေ့လယ်ပိုင်းကျမှ သတင်းကရတာ။  ၂ကောင်သေတယ်။ ဒဏ်ရာလည်း ရကြတယ်ပေါ့” လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မြင်းခြံပကဖနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ စစ်ကြောင်းထွက်နေစဥ်

တလုပ်မြို့ရွာအတွင်း အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေရှိတာကြောင့် ပစ်ခတ်မှုအပြီး သေဆုံးသွားသူတွေဆီက လက်နက်ကောက်ဖို့ကြိုးစားချိန်မရဘဲ စစ်ကူမလာခင် ပြန်ပြီးဆုတ်ခွာခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ ​အမေ့သွေးပြောက်ကျားအဖွဲ့ နဲ့ ဧရာဝတီမင်းသားကြီးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တလုပ်မြို့ရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မြင်းခြံပကဖနဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲ သွားရောက်ဆင်နွှဲခဲ့ပေမယ့်လည်း အပြီးသတ်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

ရေဦးမြို့အဝင်က စစ်တပ်ဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့အဝင်ဂိတ်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရာ ထိခိုက်မှုသေဆုံးမူတွေရှိနိုင်ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မဲလုံး က မောင်းကိုပြောပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာသည် စစ်အုပ်စု အရာရှိအဆင့်အပါ ၆ ဦး မိုင်းဆွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

စစ်အုပ်စု ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် ၂ ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။