မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး‌‌ဌာန ကွပ်ကွဲမှုအောက်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော် သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ်က ငလျင် ဘေးဒဏ်သင့်ခဲ့တဲ့ ဒေသခံလူထုကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ စဉ့်ကူးမြို့နယ် ပကဖ၊ စဉ့်ကူးမြို့နယ် ပအဖ အဖွဲ့တို့ ပူးပေါင်းပြီး ရှာ‌ဖွေကယ်ဆယ်ရေးနဲ့ ကူညီစောင့်‌ရှောက်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သဘာဝဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြည်သူကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိမိနယ်မြေ အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းကာ တတ်စွမ်းသမျှအစွမ်းကုန် ကူညီကြဖို့လည်း ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က မတ်လ (၂၈) ရက်မှာ ညွှန်ကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ဝင်လာဖို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို စစ်တပ် လက်နက်ကြီးပစ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ သေဆုံးကလေးငယ်၏ ညီမဖြစ်သူလည်း လက်ပြတ်ကာ ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲပေးရန် နာရီပိုင်းအလိုတွင် ကမာရွတ် မြို့နယ်ရွေးကော်ရုံးအား ပြောက်ကျားတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က စစ်အုပ်စုရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ခုက ဒီဇင်ဘာလ ၂၈ရက် ဒီမနက်အစောပိုင်းမှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အလံဖြူထောင်ရင် အသက်အာမခံတယ်ဆိုတဲ့ AA လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ လက်နက်ချ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။