နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ချိန် စစ်ခေါင်းဆောင်ဟာ နေပြည်တော်က သူရုံးထိုင်တဲ့နေရာမှာ ချက်ချင်းဆိုသလို စားပွဲအောက်ကို ဝင်ရောက်အကာအကွယ်ယူခဲ့ရတယ်လို့ နေပြည်တော်မှာပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ငလျင်လှုပ်ခတ်အပြီးမှာလည်း စစ်ခေါင်းဆောင်ဟာအပြင်ထွက်ပြီး တစ်နာရီနီးပါးလောက် အခြေအနေကို စောင့်ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်။

“၂၈ ရက်နေ့ ငလျင်လှုပ်တဲ့အချိန်ကျတော့ ကျနော်က ရုံးမှာ စာတွေ ဖတ်နေတဲ့အချိန် ဖြစ်ပါတယ်။ စလှုပ်တဲ့အချိန်မှာ ချက်ချင်း သတိရတာနဲ့ နာရီကောက်ကြည့်လိုက်တော့ ၁၂ နာရီ ၅၁ မိနစ်ပေါ့လေ။ မော့ကြည့်လိုက်ချိန်မှာ။ တဖြည်းဖြည်းနဲ့ ပိုလှုပ်လာချိန်မှာ ကျနော်လည်း လုံခြုံမှုရအောင် စားပွဲမှာ တစ်ခြမ်းတော့ နေရာယူထားရတာပေါ့။ ငြိမ်သွားတဲ့အခါမှ ကျနော်တို့လည်း အပြင်ထွက်ကြည့်တော့ ကျနော်တို့ရုံးတွေကတော့ သိပ်တော့ အပျက်အစီး သိပ်မများပါဘူး။ သို့သော်လည်း Aftershock ရှိတဲ့အခါကျတော့ ကျနော်ရဲ့ လုံခြုံရေးအဖွဲ့တွေက ကျနော့်ကို အပြင်မှာနေဖို့ အကြံပြုတဲ့အတွက်ကြောင့် ကျနော်လည်း တစ်နာရီကျော်လောက် ထွက်ပြီး မတ်တပ်ရပ်ပြီး နေပါသေးတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်ခေါင်းဆောင် ရုံးစိုက်ရာ နေပြည်တော်မှာ အထိအခိုက် ပျက်စီးမှုတွေ များပြားခဲ့ပြီး ဝန်ကြီးဌာနအဆောက်အအုံတွေ၊ ဝန်ထမ်းအိမ်ယာတွေမှာလည်း ကြီးကြီးမားမား ပျက်စီးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ၁၀ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ..

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူတွင် ရော့ကတ်ပစ်ခံရကာ အထိနာပြီးနောက် စစ်ရှောင်တဲများကို စစ်တပ် မီးရှို့ကာ လက်နက်ကြီးများ ရမ်းပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ထံက သိရပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။