ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက တိုက်ခိုက်မှုပြုလုပ်လာတဲ့အပေါ် မူတည်ပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) ကနေ သတင်းထုတ်ပြန်လာပါတယ်။ 

မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့က ပြည်သူတွေရဲ့ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေအပေါ် JCS အနေနဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

စစ်ကောင်စီက တိုက်ခိုက်မှုအမျိုးမျိုးကို ရပ်တန့်ခြင်းမရှိတာကြောင့် သဘာဝဘေးအန္တရာယ် ကယ်ရေးလုပ်ငန်းတွေအပေါ် ချိန်ညှိပြီး ကာကွယ်ထိန်းချုပ်ထားတဲ့ ဒေသနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြုလုပ်တဲ့ အခြေအနေအပေါ် မူတည်ပြီး စစ်ဆင်ရေးကို လုပ်ဆောင်သွားမယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။ 

ကရင်နီပြည်တပ်ပေါင်းစု (JCS) ဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်နိုင်ရေး ရည်မှန်းချက်နဲ့ ၂၀၂၅ ခုနှစ်ကစလို့ ခံစစ်နဲ့ ထိုးစစ်တွေကို ကွပ်ကဲခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅၊ ဇန်နဝါရီလကတည်းက လွိုင်ကော်နဲ့ မိုးဗြဲမြို့ ဆက်သွယ်ထားတဲ့ လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီကို ခုခံခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀) ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ကြီးငယ် အစုံ (၁၆) လက်တို့ကို သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။ 

မိုးဗြဲဒေသအတွင်းက စစ်ကောင်စီထိုးစစ်တွေကို ကန့်သတ်ဖို့အတွက်လည်း ဘောလခဲနဲ့ ဖားဆောင်တို့က စစ်ကောင်စီတပ်တွေကို မတ်လ (၄) ရက်နေ့မှာ နေ စတင်တိုက်ခိုက်ခဲ့တယ်လို့ သိပါတယ်။ 

အဲဒီ စစ်ဆင်ရေးကာလ ၁ လတာအတွင်း ဗျူဟာတပ်အခြေစိုက် ကင်းတွေဖြစ်တဲ့ ဘောလခဲမြို့နယ်က အမှိုက်ကျင်း၊ ကျောက်ခွဲစက်၊ ရေကျော်၊ ရေနီပေါက်၊ ဝမ်ပလန်း နဲ့ ဖားဆောင်းက မီးသတ်တိုက်နဲ့ ရေဆပ်တွေကိုလည်း တိုက်ခိုက် ကန့်သတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ကာကင်းစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀) ကျော်သေဆုံးခဲ့ပြီး  အရှင်ဖမ်းဆီးရမိသူ တချို့လည်းရှိကာ လက်နက်မျိုးစုံ (၄၀) နဲ့ ကျည်မျိုးစုံတို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

JCS အနေနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်လာရေးနဲ့ ကရင်နီပြည်မှာ ဖက်ဒရယ်တပ်တစ်ရပ် စတင်တည်ဆောက်ရေးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက်နှင့် ပစ္စည်းများ (ဓာတ်ပုံ JCS)

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်အုပ်စု ၅ ဦး သေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံတွင် လမ်းသွားလမ်းလာများကို ဆက်ကြေးကောက်နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များ ဝါဒဖြန့်ပေးရန် အလှည့်ကျလာပြန်

အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေကို ခြိမ်းခြောက် ဝါဒဖြန့်ခိုင်းနေရာမှာ သရုပ်ဆောင်တွေပြီးတဲ့နောက် အဆိုတော်တွေအလှည့် ရောက်လာပြန်ပါပြီ။
Read More

တနင်္သာရီမှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ယောက်ထက်မနည်း သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။