ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပူးပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို အသုံးချပြီး မတ်လ ၃၁ ရက် မွန်းလွှဲပိုင်းအချိန်မှာ စစ် ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က တပ်စွဲရာနေရာ ဆောင်းပြောင်းကျေးရွာနဲ့ နောင်ဝိုးကျေးရွာတွေဘက်ကနေ တောမီး စတင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ရှို့တဲ့ တောမီးဟာ သောင်မဲသင်းနဲ့ လုံးပျဉ်ကျေးရွာတွေကို ကူးစက်ကာ အရပ်သားနေအိမ် အလုံး ၂၀ ခန့်နဲ့ လုံးပျဉ်ကျေးရွာက နေအိမ် ၄ လုံးခန့်  မီးလောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) နဲ့ KNDF အပါအဝင် မဟာမိတ် တပ်ပေါင်းစုတွေက ကျေးရွာတွေကို ကူးစက်နေတဲ့ တောမီးငြှိမ်းသတ်နိုင်ရေး ကူညီဆောင်ရွက်ခဲ့ ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဟာ ငလျင်ဒဏ်ကြောင့် နိုင်ငံတဝန်းလုံး အတိဒုက္ခရောက်နေချိန်အတွင်းမှာတောင် အခုလို ရပ်ရွာတွေ ပျက်စီးစေအောင် ကြံရွှယ်ချက်နဲ့ တောမီး ရှို့ကာ ကျေးရွာတွေအတွင်း မီးကူးစက်စေတာအပါအဝင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက် ခြင်း၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်းတို့ဖြင့် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO/PNA (အသွင်းပြောင်းဌာနေပြည်သူ့စစ်) အဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လခန့်ကတည်းက ဆောင်းပြောင်းကျေးရွာ၊ နောင်ဝိုးကျေးရွာတို့အနီး တပ်စခန်းချကာ စစ်ကောင်စီတပ်နဲ့ တွဲဖက်ပြီး ဒီနေ့အချိန်ထိ တပ်စွဲနေထိုင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မန္တလေးတွင် အိမ်ဝိုင်းဖြိုပေးသည့် ပရဟိတလူငယ်များ ဖမ်းဆီးခံနေရ

မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ကရင်နီ တော်လှန်ရေးတပ်များ ပူးပေါင်းပြုလုပ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် ၆၂၆ တပ်ရင်းထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ (၁) ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ ၃ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့၊ စစ်တပ်က ၇ ယောက်သေပြီး ရန်ကုန်တိုင်း ပကဖ (၁) က ရဲဘော် ၃ ယောက် ကျဆုံး

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ စတင်ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ ၃ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၇ ယောက်သေပြီး ရန်ကုန်တိုင်း ပကဖ (၁) က ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်အပြီး လေကြောင်းတိုက်မှုများ ဆက်တိုက်လုပ်နေသည့် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေဆိပ်ကို ဧပြီလ ၁၈ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။