အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ်  သတ်မှတ်ကြောင်း ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

လက်ရှိကာလ ပြည်သူတွေ ပူဆွေးနေရချိန်မှာ ပြည်သူမှ ပြည်သူသို့ အချင်းချင်း အားပေးနှစ်သိမ့်ဖို့ အစီအစဉ်တွေကို တစ်ဦးချင်းဖြစ်ဖြစ် အစုအဖွဲ့အနေနဲ့ဖြစ်ဖြစ် ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကုသိုလ်ကောင်းမှု၊ ဆုတောင်းမှု၊ စာနာရိုင်းပင်းကြောင်း ပြသတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ NUG က တိုက်တွန်းထားပါတယ်။

အသက်ဆုံးပါးသွားတဲ့ ပြည်သူတွေနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် အောက်မေ့သတိရ ခွန်အားယူ ဆုတောင်းပွဲ ပြုလုပ်တာ၊ ရေစက်ချ အမျှဝေတာ၊ သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သတာ၊ ထိခိုက်ခံစားခဲ့ရသူတွေအပေါ် စာနာနားလည်ပေးတာတွေကို နည်းအမျိုးမျိုးနဲ့ ပြုလုပ်ဖို့ တိုက်တွန်းထားတာပါ။

ဒါ့အပြင် မြန်မာပြည်အရေးကို စိတ်ကောင်း စေတနာကောင်းနဲ့ ကူညီနေတဲ့ နိုင်ငံတကာက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရတွေနဲ့အတူ ဝမ်းနည်းကြောင်း ပြသမှု၊ နှစ်သိမ့်မှု၊ ဆုတောင်းမှုတွေ အတူတကွ လုပ်ဆောင်ဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။

NUG အစိုးရအနေနဲ့ စိုးမိုးနယ်မြေတွေမှာ ငလျင်ဘေးဒဏ်သင့်လူထုကို ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုတွေ အပြည့်အဝအားစိုက်လုပ်နိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီ စိုးမိုးဒေသမျာတွေမှာတော့ ကိုယ်ထိလက်ရောက် ဝင်ရောက်မကူညီနိုင်ခဲ့တဲ့အတွက် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ငလျင်ဘေးသင့် ပြည်သူလူထုကို လေးနက်စွာ တောင်းပန်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရ၊ တစ်လတာတိုက်ပွဲအတွင်း တအာင်းဒေသမှာ အရပ်သား ၂၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ချနဘူရီမှာ ရဲလိုက်ဖမ်းလို့ တရားမဝင် ရွှေ့ပြောင်းမြန်မာ ၂၈ ဦး၏ကား တိမ်းမှောက်၊ ထိခိုက်သေဆုံးသူမရှိဘဲ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ သောင်ဖာဖုမ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ယောက်ကို တင်ဆောင်လာတဲ့ မှောင်ခိုသမား မောင်းနှင်တဲ့ ကားတစီး ရဲလိုက်လို့ ထွက်ပြေးရင်း လမ်းဘေးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
Read More

မွန်တပ်ဖွဲ့ (၄) ဖွဲ့ “ရာမညပူးတွဲစစ်ကြောင်း” အဖြစ် စတင်ဖွဲ့စည်း

မွန်ပြည်နယ်က တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ကြောင်းကို ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်လာပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ယောက် ကျဆုံးခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်(၇) ယောက်က ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရပြီး ရဲဖြစ်လာသူ လက်နက်နဲ့တကွ အလင်းဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုတင် ၁၀၀ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ မိတ္ထီလာရဲတပ်ရင်း (၃၅) က ရဲတပ်သား ၁ယောက်ဟာ Southern YSO PDF ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်း က မောင်းကိုပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါ ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။