တရုတ်နိုင်ငံကြက်ခြေနီအသင်းရဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်(၉)စီးကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်လတ်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၁ ရက် မနေ့က ညပိုင်းအချိန်မှာ တရုတ်နိုင်ငံကြက်ခြေနီအသင်းရဲ့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်လာတဲ့ ယာဥ် ၉ စီးပါ ယာဉ်တန်းဟာ မန္တလေးမြို့ကို ခရီးဆက်ရာမှာ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ အသင့်စောင့်ပစ်ခတ်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါယာဉ်တွေ မန္တလေးမြို့ကို ခရီးဆက်သွားမယ့်အကြောင်းကိုလည်း စစ်ကောင်စီဆီ သတင်းပေးပို့ခဲ့ပေမယ့် အခုလို လမ်းခရီးမှာ ပစ်ခတ်ခံခဲ့ရတာကြောင့် နောင်ချိုမြို့ဆီ ပြန်လည်ဆုတ်ခွာ လာခဲ့ရတယ်လို့ TNLA က ဆိုပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံကြက်ခြေနီအသင်း ယာဉ်(၉)စီးကို တအာင်းတပ်မတော် TNLA က ကာကွယ်စောင့်ရှောက်ပေးထားပြီး လိုရာခရီးကို ဆက်လက်ပို့ဆောင်သွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းရမည့်သူများအပါအဝင် ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေသူများကို AA စည်းကမ်းချက် (၄) ချက်ဖြင့် တားမြစ်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ ရခိုင်ပြည်ကနေ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေကြတဲ့သူတွေအတွက် တားမြစ်တဲ့အချက် (၄) ချက်ပါ စည်ကမ်းချက်တွေကို မေလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီပိုင် ခွဲတမ်းဆီ(စာအုန်းဆီ) ပေပါများ သယ်လာသည့် ခြောက်ဘီးကားကို Southern YSO PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီပိုင် ခွဲတမ်းဆီ (စားအုန်းဆီ) ပေပါတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားကို ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးစစ်ဆေး သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။
Read More

နွေဦးဘဏ်က တစ်ရက်တာအတွင်းဒေါ်လာ ၂ ဒသမ ၂ သန်းကျော်အထိ ရှယ်ယာရောင်းချနိုင်ခဲ့

NUG ရဲ့  ဗဟိုဘဏ်လည်း ဖြစ်တဲ့ နွေဦးဘဏ်က ရှယ်ယာရောင်းချမှုအဖြစ် တစ်ရက်တာအတွင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်ရရှိခဲ့ကြောင်း Spring Development Bank က မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။  
Read More

သာယာဝတီမှာ ပျူစောထီးတွေကို ပြည်သူ့စစ်ဆိုပြီး ဝတ်စုံတွေ ထုတ်ပေးကာ လုံခြုံရေးယူခိုင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

ပျူစောထီးအခြေစိုက် ကင်းမွန်တောရွာကို လေးဘက်လေးလံမှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။