နိုင်ငံတစ်ဝန်း ငလျင်ဘေးနဲ့ ကြုံတွေ့နေရစဉ် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာကနေ လက်တွေ့ အရေးယူဆောင်ရွက်ပေးဖို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ နှုတ်အားဖြင့် ကန့်ကွက်တားဆီးရုံမကဘဲ လက်တွေ့ အရေးယူဆောင်ရွက်သင့်ပြီလို့ NUCC က ဒီနေ့ ဧပြီလ ၂ရက်နေ့ မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်တာပါ။

ငလျင်စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ ငလျင်ဘေးသင့်ခဲ့တဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တို့ အပါအဝင် နေရာပေါင်း ၁၁ နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ NUCC ကထုတ်ပြန်ပါတယ်။

စုစုပေါင်း တိုက်ခိုက်မှု ၃၂ ကြိမ်အတွင်း အရပ်သား ပြည်သူ အယောက် ၅၀ ကျော် သေဆုံးခဲ့ပြီး၊ ၄၉ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဆိုးရွားတဲ့ ကာလမှာ တော်လှန်ရေးအင်အားစုတွေဘက်က လူမှုဒုက္ခခံစားနေရတဲ့ ပြည်သူတွေကို ကယ်ဆယ်ကူညီရေးတွေ လုပ်ဆောင်ဖို့ ထိုးစစ်ရပ်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီကတော့ တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

အရပ်သားတွေကို ဦးတည်ပြီး အကြမ်းဖက်ကျူးလွန်နေတဲ့အပေါ်ပြင်းထန်စွာ ရှုတ်ချတယ်လို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။

ပြင်းထန်တဲ့ ငလျင်ဘေးအတွင်း အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ အမြတ်ထုတ်မှုတွေရှိနိုင်ပြီး စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ အပေါ် အရေးယူပေးဖို့ အရပ်ဖက် အဖွဲ့အစည်းတွေကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ယောက်ကို သတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရေစကြိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်နှင့် သူ့အား လက်ခံကြိုဆိုသူ ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်း၊ အကြမ်းဖက်စစ်တပ်ကို ကြိုဆိုလက်ခံတဲ့ ရုရှားသမ္မတပူတင်ရဲ့ ဖမ်းဝရမ်းပုံတွေအပြင် ယူကရိန်းနဲ့အတူ မြန်မာပြည်သူတွေ အတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ စာရွက်တွေ လိုက်လံကပ်ခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတွင် စစ်ကော်မရှင် စစ်ကြောင်း၂ ခု မိုင်းဆွဲခံရပြီး ၁၈ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

CDF-Matupi တပ်မဟာ -၁ လက်အောက်ရှိ လင်းယုန်တပ်ရင်းက ၆ လပတ်အစည်းအဝေးပြုလုပ်…

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (CDF-Matupi) တပ်မဟာ -၁ အောက်ရှိ တပ်ရင်း တစ်ရင်း ဖြစ်တဲ့ လင်းယုန် တပ်ရင်းက ၆ လပတ်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းမှ ရဲဘော် ချက်ပြား ကျဆုံး

အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းက ကျဆုံး ရဲဘော် ချက်ပြား (ခေါ်) ပြည့်ဖြိုးကျော်အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။