ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က မတ်လ ၃၁ ရက် မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း ဒရုန်း၊ လက်နက်ကြီးတို့နဲ့ ၈ ကြိမ် တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၃၀ ရက် ညနေပိုင်းကလည်း အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့ ဒရုန်းနဲ့ လက်နက်ကြီး ၆ ကြိမ် တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အင်းလေးဒေသ တစ်ဖက်ခြမ်းမှာ ပြည်သူတွေ ဒုက္ခရောက်နေပြီး ငလျင်ဘေးသင့်ဒဏ်ခံနေရချိန်မှာ စစ်‌တပ်နဲ့ PNA/PNO တို့က ပြည်သူတွေကို မကူညီတဲ့အပြင် လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ အင်းလေးတောင်ခြမ်းရှိ ကျေးရွာ‌တွေကို နေ့စဉ် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အင်းလေးဒေသ ရေပေါ်ကျေးရွာတွေမှာ မတ်လ ၃၀ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ (၈၉) ယောက်ရှိပြီဖြစ်ပြီး အိမ်ခြေပေါင်း (၂၃၃၇) လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အင်းလေးဒေသလူ့အခွင့်အရေး)

0 Shares:
You May Also Like
Read More

ရေစကြိုမှာ စစ်အုပ်စုလက်ပါးစေတွေ အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းရှင်တွေဆီက အခွန်ငွေတောင်းခံနေ

မကွေးတိုင်း၊ ရေစကြိုမြို့မှာ နယ်မြေစိုးမိုးမှု ဘယ်လောက်မှမရှိတော့တဲ့ စစ်အုပ်စုရဲ့ လက်ပါးစေတွေဟာ အရပ်သားတွေဆီက နည်းလမ်းမျိုးစုံနဲ့ အခွန်ငွေတွေ မတရားကောက်ခံနေကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက မောင်းကိုပြောပါတယ်။
Read More

ပျူခေါင်းဆောင် မင်းသိုက်၊ ရုရှားပြန် ၃ပွင့် ဗိုလ်ကြီးနှင့် စစ်ကောင်စီတပ်သားတို့ကို MBT ရှင်းလင်း

“သူ့ဆီကနေတော့ ဘာမှ ကျနော်တို့ သိမ်းဆည်းရမိတဲ့ လက်နက်တွေ မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့နောက်ကနေ ကပ်ပါလာတဲ့ စစ်ကားတန်းပေါ့နော်။ စစ်ကားတစ်စီး ပါလာတဲ့အတွက်ကြောင့် ကျနော်တို့ တိုက်ပွဲဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ ပြန်ဆုတ်ခဲ့တာပါဗျ” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူမှာ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အညာညီနောင်တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းတွေမှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဥဦး (BLDF) ၊ စစ်ဒေသ- ၁ အနေနဲ့ စက်တင်ဘာ ၂၆ ရက် ဒီနေ့မှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေနဲ့ လက်တွေ့လေ့ကျင့်ရေး အစီအစဥ်တွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။