မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးမြို့ Sky Villa ကွန်ဒိုအပေါ်ဆုံးထပ်မှာ လူတချို့ရှိနေခဲ့ပြီး သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ကွန်ဒိုအပေါ်ဆုံးထပ်ကို ရောက်နေသူတွေကတော့ အသက်အန္တရယ်က လွတ်မြောက်ခဲ့ကြတယ်လို့ ဒေသခံတချို့ရဲ့ ပြောဆိုချက်များအရ သိရပါတယ်။ ၁၁ ထပ် အမြင့်ရှိတဲ့ အဆိုပါ Sky Villa ကွန်ဒိုဟာ ငလျင်ဒဏ်ကြောင့် ၅ထပ်ခန့် မြေကြီးထဲ ကျွံဝင်ပြိုကျသွားပြီး လူတွေများစွာ သေဆုံးခဲ့ရသလို လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး အညာမြေကို ပြန်လည်ခြေချခဲ့တဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

1027 စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ COD အောက်ကနေ တိုက်ခိုက်ပြီး နွေဦးအောင်ပွဲအတွက် အရွေ့တစ်ခုကို ဖော်ဆောင်ခဲ့ကာ အညာမြေကို ပြန်လည်ခြေချခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၂၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေကာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးခဲ့ရတယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ အနီးကပ်တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ်မှာ အတုအ‌ယောင်‌ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအ‌‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၀ ရက်က ကြို့ပင်ကောက်မြို့နယ်အတွင်း ပြည်သူလူထု အင်အား ၃၀၀ ကျော်က အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ ''အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ် ချက်ချင်းလွတ်၊ နိုင်ငံရေးအကျည်သားများကို ချက်ချင်းလွတ် ချက်ချင်းလွတ်၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ . . .'' စတဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
Read More

ဖမ်းမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သုံ့ပန်းများ သူတို့၏ တရားမဲ့လုပ်ရပ်များအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ စစ်သုံ့ပန်းတွေဟာ တရားမဲ့လုပ်ရပ်တွေအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
Read More

လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံအပြားမှာ ၈ လေးလုံး ထီးသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

မနေ့သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့ (၃၇) ကြိမ်မြောက် ၈ လေးလုံးအထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ရဲ့ အထင်ကရနေရာအနှံ့အပြားမှာ ၈ သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။