ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကို လာမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။ 

အဆိုပါ ခရီးစဉ်ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆီ ရှားရှားပါးပါး သွားရောက်နိုင်တဲ့ ခရီးစဉ်ဖြစ်သလို ၄ နှစ်ကျော်အတွင်း ပထမဆုံး ဘန်ကောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ထိပ်သီးခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာပါ။ 

“ထိပ်သီးအစည်းအဝေးနေ့မှာ သူတက်ရောက်မှာပါ၊ ဒါပေမယ့် ကျွန်တော် သူ့ခရီးစဉ်အချိန်ဇယားကို မရသေးပါဘူး” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အမည်မဖော်လိုသည့် ထိုင်းအရာရှိ နောက်တစ်ဦးကလည်း မင်းအောင်လှိုင်အနေနဲ့ ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်မှာဖြစ်ကြောင်း Reuters ကို ပြောခဲ့သလို၊ စစ်ကောင်စီရဲ့ မြဝတီရုပ်သံကလည်း မင်းအောင်လှိုင် မနက်ဖြန် ဧပြီလ ၃ ရက်မှာ ထိုင်းနိုင်ငံကို  BIMSTEC အစည်းအဝေးတက်ရောက်ဖို့ သွားရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (BIMSTEC) ရဲ့ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဧပြီ ၂-၄အထိ ပြုလုပ်မှာဖြစ်ပြီး တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်အများစု တက်ရောက်ကြမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာပြည်အလယ်ပိုင်း ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ အားပြင်းငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် မြန်မာပြည်ရဲ့ လူသားချင်းစာနာမှု အခြေအနေဟာ ပိုမိုဆိုးရွားလာနေပါတယ်။ 

ဒါပေမဲ့ သဘာဝဘေးကြောင့် နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်ကူညီပေးမှုတွေက ၄ နှစ်ကျော်ကြာ နိုင်ငံတကာရဲ့ အပယ်ခံဖြစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုအတွက် သံတမန်ရေး လမ်းကြောင်းတချို့ကို ပွင့်သွားစေခဲ့တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အခုလို မြန်မာစစ်ခေါင်းဆောင်ကို BISMSTEC  အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခဲ့မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက ဝိုင်းဝန်းကန့်ကွက်နေသလို ဒေသတွင်းနိုင်ငံအချို့ကလည်း ဝေဖန်ပြစ်တင်််နေကြပါတယ်။

0 Shares:
You May Also Like
Read More

အင်တာနက်အဖြတ်ခံရသည့် မြဝတီမှ ကျားဖြန့်များ စတားလင့်ခ်ကို အဓိကအသုံးပြုလာ

ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးတွေအတွင်း အင်တာနက် ဖြတ်တောက်ခံထားခဲ့ရတဲ့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေဟာ စတားလင့်ခ် အင်တာနက်ကို အဓိကအသုံးပြုလာကြောင်း လေ့လာသူတွေက ပြောပါတယ်။  
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တာလယ်ဗျူဟာ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဘန်ကောက်မှာ သုံးပြီးသား Vape များ ပြန်ရောင်းသည့်လုပ်ငန်းမှ မြန်မာ ၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အသတ်ခံရသည့် ဘီလာရုစ်မော်ဒယ် ထိုင်းကနေ အတင်းခေါ်သွားခံရခြင်းမဟုတ်၊ ထိုင်းရဲ့ လုပ်ပိုင်ခွင့်မဟုတ် ဟု ထိုင်းအာဏာပိုင် ပြောဆို

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။