နေပြည်တော် ဥတ္တရသီရိမြို့နယ် ဟိုတယ်အေးချမ်းသာအဆောက်အအုံမှာ ပိတ်မိနေသူ ၂ ယောက်ထဲက ၁ ယောက်ကို  ဒီနေ့ မတ်လ ၂ ရက် မနက်အစောပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဟိုတယ်အေးချမ်းသာ ၆ ထပ်အဆောက်အအုံရဲ့ အောက်ဆုံး ၂ ထပ်ပြိုကျမှုအတွင်း ပိတ်မိနေခဲ့ တာဖြစ်ပြီး တူရီကီနိုင်ငံမှာ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူး ပေါင်းပြီး ကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆောက်အအုံအောက်မှာ ပိတ်မိနေသေးတဲ့ ကျန်ရှိသူ ၁ ယောက်ကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အနောက်မန်ကျည်းကန် ပျူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လယ်ယာလုပ်ကိုင်သူတွေကို ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်အုပ်စု ဗုံးကြဲခံရပြီး ၁ယောက်သေ၊ ၈ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း လယ်ယာလုပ်ကိုင်နေတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

ဝက်လက်-ရှိန်းမ ကားလမ်းမပေါ်မှာ စစ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၃ စီးကို တိုက်ခိုက်မှု ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်-ရှိန်းမကားလမ်းမပေါ်မှာ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ပြည်သူတွေထံက အနိုင်ကျင့်လုယူပြီး အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၃ စီးကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ DOUNG NI People Defence Force - DNPDF က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်နီမော် ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ထက်မနည်း သေ (ရုပ်/သံ)

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေစကြိုပကဖနှင့် ABSDF အမှတ် (၃) စစ်ကြောင်းတို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်(၃) စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်းရဲ့ အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲကို အညာဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က သြဂုတ်လ ၁၁ ရက်မှာ ထုတ်ပြန်ထပါတယ်။