စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်း ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူ ၄၆၃၉ ယောက်နဲ့ ပျောက်ဆုံးနေသူ ၃၇၃ ယောက် ရှိတယ်လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တွေမှာတော့ ပျောက်ဆုံးနေသူ အများအပြားရှိပြီး သေဆုံးတဲ့ ဦးရေကလည်း တိုးလာနေသလို ဒီနေ့အချိန်အထိ ပိတ်မိနေသူ အများအပြား ရှိနေသေးတာ ဖြစ်ပါတယ်။

မြေပြင်မှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ လူမှုရေးအသင်းတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လက်ရှိအချိန်အထိ သေဆုံးထိခိုက်တာနဲ့ ပျောက်ဆုံးနေတာတွေကို အရေအတွက် အတိအကျ စာရင်းပြုစုဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ အပါအဝင် နိုဝင်ဘာလအတွင်း အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ ၁ယောက် အပါအဝင် အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသတွင်း လူ့အခွင့်အရေးချိူးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။ နိုဝင်ဘာလအတွင်း ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ခိုက်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူ (၁၄) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကိုင်းတွင် ဖွံ့ဖြိုးရေးကျောင်းထဲရှိ စစ်သားများ လက်နက်ကြီးပစ်ခံရကာ ထိခိုက်မှုများပြား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က ဖွံ့ဖြိုးရေးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ ယနေ့ မြန်မာပြည်လာမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ်အကူအညီပေးရေး ညှိနှိုင်းရေးမှူး Tom Fletcher ဟာ မြန်မာနိုင်ငံကို ဧပြီလ ၄ ရက် သောကြာနေ့မှာ ရောက်ရှိမယ်လို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ 
Read More

အရက်ဝယ်ပြီး ပြန်လာသည့် စစ်အုပ်စု မြို့လယ်ခေါင်တွင် ပစ်ခတ်တိုက်ခိုက်ခံရ၊ ၄ ဦး သေပြီး ၁ ဦး လွတ်မြောက်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ တပ်စခန်း၊နယ်မြေတွေကို ပြန်ရဖို့ ကြိုးပမ်းနေပေမယ့် MDY-PDF အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်.. မတ္တရာမှာ စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ရွာကို ဒရုန်းနဲ့ဗုံးကြဲလို့ ကိုရင် ၁ပါးနဲ့ အမျိုးသမီး ၂ယောက်သေဆုံး..

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ လက္ကောင်းကြီးရွာသစ် ဓမ္မာရုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကိုရင်(၁)ပါး နဲ့ အမျိုးသမီးငယ် (၂)ယောက် သေဆုံးခဲ့ကြောင်း MDY -PDF က သတင်းထုတ်ပြန်ပါတယ်။