မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။

မတ်လ ၂၉ ရက်က နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အင်အား ၁၀ ယောက်ခန့် စီးနင်းလိုက်ပါလာတဲ့အကြမ်းဖက်စစ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ Jammer ပါဝင်တဲ့အတွက် မိုင်းမကွဲခဲ့ဘဲ  တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်က အကြမ်းဖက်စစ်သား ၂ ယောက်သေပြီး ထိခိုက်မှုတွေလည်းရှိတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို နတ်မောက်ပကဖအဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ပန်းတောင်းတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် မြင်းချင်းပျူကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်(ရုပ်/သံ)

ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၁၅ ရက် ညပိုင်းအချိန်က ဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပိတောက်ငုတ်ရွာ ပျူစောထီးခေါင်းဆောင် ရွာအုပ်ကြီးတို့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ တပ်ခွဲထံက သိရပါတယ်။
Read More

မိုင်းကွင်းထဲ သောက်စားနေတဲ့ စစ်ကောင်စီတပ်သား တွေ ဖောက်ခွဲခံရပြီး ၄ ယောက်သေ၊ အများအပြား ပြင်းပြင်းထန်ထန် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

အာဏာရှင် အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့ရ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မတ်လ ၁၅ ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။