မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၉ရက်၊ နေ့လယ်ပိုင်းက မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပျဥ်းချောင်းကျေးရွာအတွင်း အထိုင်ချတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ ဒနုန်းမြောင် ကျေးရွာက စစ်ကောင်စီတပ်တွေ ဂိတ်အချိန်းအပြောင်း ပြုလုပ်ချိန်မှာ အသင့်စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေက တောင်တွင်းကြီး-ဆတ်သွား ပဲခူးရိုးမပတ်လမ်း​(ခေါ်) တောင်တွင်းကြီး-ဆင်ပေါင်ဝဲ ခရိုင်ချင်းဆက်လမ်းပိုင်းအတွင်း လမ်းပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာ တပ်အချိန်းအပြောင်းပြုလုပ်မယ့် စစ်ကောင်စီကို သတင်းအရ ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

“အဲ့နေ့က ကျနော်တို့ လမ်းပိုင်းမှာ နယ်မြေစိုးမိုးမှုယူနေတုန်း သတင်းရလို့ ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေက ကျနော်တို့မရှိဘူးထင်ပြီး ခိုးဆင်းကြတာ အဲ့မှာတောင်တွင်းကြီးဘက်ကတက်လာတဲ့ကောင်တွေကို အရင်မိုင်းဆွဲခဲ့တာပါ။ ဆိုင်ကယ်၃စီးနဲ့ စစ်ခွေးဗိုလ်ပါတဲ့ ကားလေးလာတာပေါ့နော်။ ရှေ့ကလာတဲ့ ဆိုင်ကယ် ၃စီးကို မိုင်းအပိုင်ဆွဲခဲ့တယ်။ အဲ့မှာ ကားလေးထဲက ကောင်တွေက ကျနော်တို့ကို လက်နက်ကြီးပြန်ထောက်တယ်။ ဂိတ်ချင်းနီးတဲ့ကောင်တွေကလည်း ဆင်းလာကြတယ်ပေါ့” လို့ ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း ပျဥ်ချောင်းကျေးရွာနဲ့ ဒနုန်းမြောင်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက နောက်ချန်အင်အားအများအပြားနဲ့ ရောက်ရှိလာပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

“တိုက်ပွဲမှာ စစ်ခွေးဘက်က ၆လောက် သေပါတယ်။ ဒဏ်ရာရတဲ့သူ များတယ်” လို့လည်း တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကိုပြောပါတယ်။

ဒီတို​က်ခိုက်မှုကို ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် (တောင်တွင်းကြီးမြို့နယ်) နဲ့အတူ သရက်ခရိုင် အမှတ်(၅)တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်)၊ မကွေး တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီးမြို့နယ်)၊ နေပြည်တော် တပ်ရင်း အမှတ် (၉၀၂) တောင်တွင်းကြီးတပ်ခွဲနဲ့ မကွေးပြောက်ကျားတပ်ဖွဲ့တို့ အတူပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးကို မယုံ၊ တည်ဆောက်ရေးကိုသာ ယုံသည်ဆိုတဲ့ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ချင်လို့ အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်သေး

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 
Read More

စစ်ကိုင်းတွင် စစ်အုပ်စု အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး​ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါတွင် မီးလောင်ထားသည့် နေအိမ်ကို သန့်ရှင်းရေးပြန်လုပ်ရင်း ဒရုန်းဖြင့် ဗုံးကြဲခံရကာ ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ သင်တောရွာက ပြည်သူ ၄ယောက် သူတို့ရဲ့ မီးလောင်ထားတဲ့ နေအိမ်တွေကို သန့်ရှင်းရေး ပြန်လုပ်နေချိန် ပျူစောထီးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။