အမေရိကန်နိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ခရစ်ယာန်အဖွဲ့တစ်ခုဟာ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ လာရောက်မယ့်အကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန် က သူ့ရဲ့ ဖေ့ဘွတ်(ခ်) စာမျက်နှာကတဆင့် အသိပေးပါတယ်။

အမေရိကန်နိုင်ငံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါတဲ့ Samaritan’s Purse ခရစ်ယာန်အဖွဲ့ကို မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ဒေသတွေကို စေလွှတ်ပြီး ခွဲစိပ်ခန်း နှစ်ခန်းပါတဲ့ ယာယီဆေးရုံတစ်ခု တည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။  

Samaritan’s Purse အဖွဲ့ဟာ  မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်သူတွေကို ကူညီဖို့ အမေရိကန်နိုင်ငံကနေ ထွက်ခွါလာပြီလို့လည်း သိရပါတယ်။

အဆိုပါအဖွဲ့ဟာ DC-8 ကုန်လေယာဉ်နဲ့အတူ ကနေဒါ၊ အယ်လ်ဘာတာ၊ ကယ်လ်ဂရီမြို့ရှိ Samaritan’s Purse Canada စီမံကိန်းဂိုဒေါင်က အရေးပေါ်ကုသရေး ဆေးရုံတစ်ခုကို မြန်မာနိုင်ငံထံ သယ်ယူဖို့ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

အဲဒီ ယာယီဆေးရုံထဲမှာ အရေးပေါ်ခန်း၊ လူနာထားခန်း၊ ဆေးပေးခန်းတွေ ပါဝင်မှာဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ကယ်ဆယ်ရေးသမား၊ သောက်ရေဆိုင်ရာကျွမ်းကျင်ပညာရှင် Samaritan’s Purse အဖွဲ့ဝင် ဝန်ထမ်းပေါင်း ၈၀ ကနေ ၁၃၀ အထိ ပါဝင်မယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

မလေးရှားက အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံတဲ့သဘော စစ်အုပ်စုရဲ့ ဝါဒဖြန့်ထုတ်လွှင့်နေမှုအပေါ် နိုင်ငံခြားရေးဌာနက ရှင်းလင်းချက်ထုတ်ပေးဖို့ မလေးရှား လွှတ်တော်အမတ်တွေ တောင်းဆို

စစ်အုပ်စုရဲ့ မြန်မာ့အလင်းသတင်းစာ အောက်တိုဘာ ၁၀ ရက် ရက်စွဲ သတင်းထဲမှာ “တွေ့ဆုံပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကြိုးပမ်းအားထုတ်မှုများကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများတွင် အာဆီယံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုကို အလေးပေး ဆောင်ရွက်သွားမည်ဟု အာမခံခဲ့သည်” လို့ ဝါဒဖြန့်ဖော်ပြထားတဲ့အပေါ် မလေးရှား လွှတ်တော်အမတ်တွေက အထူးစိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။
Read More

မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံထံ တောင်းဆိုထားဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC အစည်းအဝေးကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို Burmese Rohingya Organisation UK က တိုက်တွန်းလိုက်ပါတယ်။
Read More

ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များ နယ်စပ်မှာ ရွှေ့ပြောင်းချထား

မြန်မာစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းတွေကို ဧပြီလ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

ထိုင်းအစိုးရက ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့်ကာလ ၆လ ထပ်တိုးဟုဆို

“အရင်ကတော့ ၈လပိုင်းထိ ယာယီသက်တမ်းတိုးပေးတယ်။ အခုက ၈လပိုင်းကျော်တော့ ထပ်ပြီး ယာယီ သက်တမ်းတိုးပေးတာပေါ့နော်။ အမှန်က အခုလက်ရှိ သက်တမ်းတောင် မကုန်သေးပါဘူး။ ရှေ့လဆိုရင် CI ထုတ်ပေးမယ့် စခန်းတွေ လာဖွင့်မယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် လူသစ်တွေ အတွက်ပဲဖြစ်ပါမယ်။ အဲဒီစခန်းမှာ လူအဟောင်းတွေကို သက်တမ်းတိုးပေးမပေးကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကနေတော့ သူတို့ မလုပ်ပေးလည်း နေထိုင်အလုပ်လုပ်ခွင့်ရအောင် ယာယီ လုပ်ထားပေးတဲ့ သဘောပေါ့ ” လို့ FED အလုပ်သမားရေးဌာနက ဦးမင်းဦးက မောင်းကို ပြောပါတယ်။