ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ဧပြီ ၁ ရက် နံနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံ နေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့မစျေးတစ်နေရာမှာ MNDAA ကအလှူခံမဏ္ဍပ်ဖွင့်ပြီး အလှူငွေကောက်ခံနေစဉ် TNLA တပ်ဖွဲ့တွေက လာရောက်တားဆီးရာမှာ နှစ်ဘက်ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ ပြည်ထောင်စုကားလမ်းမကြီးမှာ ယာဉ်များကို ရပ်တန့်စေပြီး အလှူငွေကောက်ခံနေတဲ့ မဟာမိတ်ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို တအောင်ပြည်ရဲတပ်ဖွဲ့ယာဉ်ထိန်းဌာနတာဝန်ရှိသူမှ လူကြီးခရီးစဉ်ရှိတဲ့အတွက် ခေတ္တလမ်းဖွင့်ပေးဖို့ သွားရောက်ညှိနှိုင်းခဲ့တာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။ 

ဘာသာစကားမပေါက်ခဲ့တဲ့အတွက် နှစ်ဖက်တပ်ဖွဲ့အငြင်းအခုံဖြစ်ပွားခဲ့ပြီးနောက် တာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်းခဲ့ရာမှ ပြေလည်မှုရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ထဲ စစ်သင်္ဘောနှင့် ထောက်ပို့ရေယာဉ်များကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေပြီး သင်္ဘော ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ် တစ်နေရာမှာ စစ်သင်္ဘောနဲ့ ထောက်ပို့ရေယာဉ်အုပ်စုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေပြီး သင်္ဘော၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ Salingyi Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း ရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရကာ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့နယ် ခွန်ဆာကုန်းသို့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲမှု မိသားစုလိုက်သေဆုံးမှုအပါအဝင် ၉ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ခွန်ဆာကုန်းမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားလိုက်သေဆုံးမှုအပါအဝင် ၉ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်များထံက သိရပါတယ်။
Read More

ပုလောမြို့နယ် မိမ္မမြို့ကျေးရွာအား စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ယောက် ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု မိမ္မမြို့ကျေးရွာအနီး စစ်ကောင်စီတပ် လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဥပဒေအထက်မှာ မည်သူမျှရှိမနေစေရဘူးလို့ NUG စစ်ခုံရုံးဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို တသွေမတိမ်းလိုက်နာကြဖို့ NUG လက်အောက်ရှိ စစ်ခုံရုံး ၁ ခုက ပြောကြားခဲ့ပါတယ်။
Read More

Southern Eagle PDF ရဲ့ တော်လှန် သီတင်းကျွတ်ဆုတောင်း  (ရုပ်/သံ)

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ Southern Eagle PDF ရဲ့ တော်လှန်သီတင်းကျွတ်ဆုတောင်း ရုပ်သံကို အဆိုပါ အဖွဲ့က ထုတ်ပြန်လာပါတယ်။