နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။

မတ်လ ၃၁ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီက စလင်းမြို့နယ် အနောက်ပိုင်း ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်းလုပ်ဆောင်ခဲ့ပြီး ဗုံးအလုံးရေ ၅၀နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာတွေအပြင် စက်တပ်လေထီး ပါရာမော်တာနဲ့ Y12 ထောက်ပို့ယာဥ်တွေ သုံးပြီး တိုက်ခိုက်နေတာလို့ သိရပါတယ်။

“မနေ့က မနက် ၈ နာရီခွဲ ၉ နာရီလောက်ကစပြီးဂျက်ဖိုက်တာနဲ့ အသွားအပြန် ၆ ခါလောက် ဗုံးကြဲသွားတယ်။ အဲ့ဒီနောက်ပိုင်းကျ  Y12 ရယ်၊ စက်တပ်လေထီး (Paramotar)တွေနဲ့ပါ ကြဲတယ်။ အကြိမ်ရေ ၂၀ ကျော်တယ်။ စလင်းအနောက်ဘက်က ရွာတွေကို တိုက်သွားတာပါ။ လင်းဇင်းတိုက်နယ်ရဲစခန်းအနားတို့ တညောင်တိုက်နယ်တို့ တစ်နေ့တည်းလုပ်သွားတာပါ” လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လေ​​ကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေ မရှိခဲ့ပေမယ့် ရှမ်းစုကျေးရွာက နေအိ​မ်တွေ ထိခိုက်ပျက်စီးကာ ခိုင်းနွားတွေလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာ ကံပြား၊ သစ်​ခေါက်တောင်၊ ပေါက်ကျင်း၊ ကိုင်းကြီး၊ ရစ်ပြင်နဲ့ တောင်ဇင်ရွာတွေက အရပ်သား ၈ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၃၁ရက် မနေ့က နေ့လယ်ပိုင်းမှာ  စစ်ကောင်စီရဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပလောင်းကျေးရွာနေ အသက် ၁၃နှစ်အရွယ် မိန်းကလေး ၁ယောက် ထိခိုက် သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီက ၈၁ မမ လက်နက်ကြီး ၄ချက်ကို အရပ်သားကျေးရွာတွေအတွင်း ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲပြီး အသက် ၁၃နှစ်အရွယ် မဧကရီဝမ်းဗိုက်ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ ၃၀ရက်နေ့ကလည်း မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပေါက်မြို့နယ် အနောက်တောင်ပိုင်းကို Mi17 ထောက်ပို့ရဟတ်ယာဥ်နဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

စစ်ကောင်စီက လက်ရှိမှာ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရည်ရွယ်ပြီး နိုင်ငံ​တော်အဆင့် ဝမ်းနည်းကြောင်းထုတ်ပြန်ထားသလို တစ်ဖက်မှာလည်း အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BLACK COBRA COLUMNက ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အထက်မင်းလှ ပကဖရဲ့ အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းမှာ စစ်မှုထမ်းရှောင်လူငယ်တွေ ပိုမိုပါဝင်လာ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။
Read More

နေပြည်တော်မှာ ရေကြီးနေတာကြောင့် စစ်အုပ်စု၏ ကပစ ၁ နဲ့ ကပစ ၄ တို့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးများ ရပ်ထားရ…

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။