မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့်ငလျင်ကြောင့် အဆိုပါ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်းမှာ ယဉ်ကျေးလိမ္မာသတင်းတန်း တက်ရောက်နေတဲ့ ကလေးငယ် ၁၅ ယောက် ပြိုကျနေတဲ့ အဆောက်အဦးကြားထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အခုအခါမှာတော့ ကျေးရွာရှိ သံဃာတော်တွေ၊ ရပ်မိရပ်ဖတွေရဲ့ ပူးပေါင်းကယ်ဆယ်မှုကြောင့် အဲဒီထဲက ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“အဲ့နေ့က ဥပုသ်နေ့၊ အမှန်က သင်တန်းပိတ်ရက်ပေါ့၊ စာဖြေဖို့က ၁၀ ရက်လောက်ပဲ လိုတော့ အချိန်ပိုခေါ်သင်တာ ပုံမှန်ဆို သင်တန်းမှာ ကလေးက အယောက် ၆၀ လောက်ရှိတယ်။ ဥပုသ်နေ့ဖြစ်နေတော့ ကလေးတွေ တဝက်လောက်ပဲလာကြတာ။ ငလျင်လှုပ်တော့ ရှေးဟောင်းကျောင်းက နှစ် ၁၀၀ လောက်ရှိပြီဆိုတော့ ပြိုရော။ ကလေး ၂၀လောက်က လွတ်သွားတယ်။ အဲ့မှာ ၁၅ ယောက်က ပိတ်မိနေတာ။ ကယ်တော့ ၂ယောက်ပဲ အသက်ရှင်လျက် ပြန်ရတယ်” လို့ ရွာတန်းသဲကျွန်း သံလွှတ်ကျောင်းက အရှင်အာစိဏ္ဏက မောင်းကို မိန့်ပါတယ်။ 

သေဆုံးသွားတဲ့ ကလေးငယ် အလောင်း ၁၃ လောင်းကိုလည်း မတ်လ ၂၈ ရက်နေ့မှာပဲ နေ့တွင်းချင်း ဖော်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ငလျင်ကြောင့် ကျေးရွာနီးစပ်တဝိုက်က ပြည်သူနေအိမ်တွေကတော့ ပျက်စီးဆုံးရှုံးမှု မရှိခဲ့သလို လူသေဆုံးမှုတွေလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။ 

သေဆုံးသွားတဲ့ ကလေးငယ် ၁၃ ယောက်ဟာ မမြမြစိုး၊ မောင်မျိုးချစ်၊ မောင်ဇွဲမာန်ထက်၊ မောင်ချစ်ဝေယံ၊ မပြည့်ပြည့်လှိုင်၊ မကြယ်စင်ချို၊ မောင်ဝေလျံဦး၊ မောင်ပြည့်လျှံဖြိုး၊ မောင်အောင်သူဟိန်း၊ မောင်သူရသက်အောင်၊ မောင်အောင်လင်းထက်၊ မောင်းမိုးစည်သူကျော်နဲ့ မဖြူ (ခ) သန့်သန့်တို့ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အာစိဏ်အာစိဏ်)

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းစုဆောင်းနေတဲ့ အုပ်ကြီးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာတွေ၊ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။
Read More

တောင်ကိုရီးယားတွင် မြန်မာပြည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲနဲ့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။ 
Read More

မြန်မာ့တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်ဖြစ်အောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေး ပြောကြား

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မှုများကို CDF ထန်တလန် ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမှုထန်ရဲ့ CDF ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း ပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုအားလုံးကို တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား အပြီးတိုင် သိမ်းဆည်းလိုက်မယ်လို့ CDF ထန်တလန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။