ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

မတ်လ ၂၈ ရက်ကစလို့ ကရင်နီတပ်ပေါင်းစုက စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို စတင်ထိုးစစ်ဆင်ခဲ့ရာ မတ်လ ၃၀ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ စခန်းကနေ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် မတ်လ ၃၁ ရက် မနေ့က မနက်ပိုင်းမှာတော့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက အဆိုပါတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဘောလခဲမြို့ရဲ့ စစ်ဗျူဟာမှာ အခြေချတပ်ဖြစ်တဲ့ ဝမ်မလန်းစခန်းကုန်း၊ ၁၂ မိုင်တပ်ကုန်း၊ ၄ မိုင်ကုန်း စတဲ့ အရှေ့ကာကင်း သုံးခုရှိတဲ့အနက် ၁၂ မိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၄ မိုင်ကုန်းကာကင်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KA)

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတရဲ့ နှစ်သစ်ကူးလွတ်ငြိမ်းသာသာခွင့်အမိန့်အရ ပုလဲ ပအဖ က အကျဥ်းသား ၅ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ၁ / ၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ပုလဲမြို့နယ် အကျဉ်းထောင်က အကျဉ်းသား ( ၅ ) ယောက်ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
Read More

အကြမ်းဖက်စစ်သည်တော်များ၏ ဖိအားပေး နှုတ်ထွက်ခိုင်းမှုအား နှုတ်ထွက်မည့်အစား အသေခံမည်ဟု သမ္မတ ဦးဝင်းမြင့် တုံ့ပြန်ခဲ့

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်အရာရှိ ၂ယောက်က ကျန်းမာရေးအကြောင်းပြ နှုတ်ထွက်ခိုင်းပေမယ့် ဦးဝင်းမြင့်က သူ့အနေနဲ့ ကျန်းမာရေးကောင်းမွန်တာကြောင့် နှုတ်မထွက်နိုင်ကြောင်း၊ နှုတ်ထွက်မယ့်အစား အသေခံမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

MSDF ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ သီရိမွန်ချမ်းနှင့် နိုင်ကိုသူတို့အား ကောင်စီတာဝန်မှ ယာယီရပ်ဆိုင်းထား

အငြင်းပွားဖွယ်ရာ ပြဿနာတွေဖြစ်ခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို ကောင်စီတာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။