ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဈေးအရှေ့ဘက် အမှတ် ၁ ရပ်ကွက် ပညာတံခွန်လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားရာ လူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၁ ရက် ဒီနေ့မနက်အစောပိုင်းက ဘုန်းကြီးကျောင်းသုံးပစ္စည်း အရောင်းဆိုင်မှာမီးလောင်မှုဖြစ်ပွားရာ လွိုင်လင်ခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ် ၃ စီး၊ ပင်လုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီးနဲ့ မီးငြိမ်းသတ်ခဲ့ရာ ၂ နာရီကြာ ငြိမ်းသတ်ခဲ့ရပြီး အမျိုးသမီး၂ ‌ယောက်နဲ့ အမျိုးသား ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အဖေကို အမြန်သင်္ဂြိုလ်ပြီး ရှေ့တန်းထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း ဆေးမှူး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်ဖို့အတွက် အဖေဖြစ်သူကို အမြန်မီးသင်္ဂြိုလ်ပြီး ရှေ့ထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ် ၆ တပ်ရင်း ဆေးမှူးက ၎င်းရဲ့ အဖြစ်အပျက်ကို ကျည်ငါးသောင်းကမ်ပိန်းဖြစ်တဲ့ အနောက်ဖက်လွင်ပြင်သို့ကမ်ပိန်းမှာ ပြီးခဲ့ရက်ပိုင်းက ယခုလို ဖော်ပြခဲ့တာပါ။ ၎င်းကိုယ်တိုင်လည်း ခြေတစ်ဖက်မသန်တော့ဘဲ လက်ရှိတော်လှန်ရေးကို နားတော့မယ်လို့ စိတ်ကူးတိုင်း ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို မြင်ယောင်တဲ့အတွက် အသက်ရှင်နေသ၍ စစ် အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
Read More

မင်းတပ် ခလရ (၂၇၄) က လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ရုပ်/သံ)

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံကို ချင်းစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို လက်နက်ချဖို့ စည်းရုံးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူ ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ချဖို့ သွားရောက်စည်းရုံးစဉ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းကို မတ်လ ၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။