ငလျင်ဘေးသင့် ပြည်သူတွေကို နိုင်ငံတကာက အကူအညီပေးနေချိန် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့  ထိုင်း Fair ပါတီ လွှတ်တော်အမတ် Kannavee Suebsang က မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။

ငလျင်ဒဏ်သင့်ပြည်သူတွေအပေါ် (စစ်အုပ်စုက) လေကြောင်းတိုက်ခိုက်မှုတွေကို “ဘယ်လိုစိတ်နဲ့ လုပ်ရက်နိုင်တာလဲ” လို့သူက ဝေဖန်လိုက်တာဖြစ်ပြီး၊ ထိုင်းအနေနဲ့ “ဒီလို ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးကို ဒီတိုင်းရပ်ကြည့်နေရင် (စစ်အုပ်စုရဲ့လုပ်ရပ်ကို) လက်သင့်ခံသလို ဖြစ်သွားလိမ့်မယ်”လို့ Kannavee Suebsang က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပြောဆိုထားတာပါ။

ဒီလိုဆိုးရွားလှတဲ့ လူသားချင်းစာနာမှု အခြေအနေမှာ မြန်မာပြည်အနေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့၊ စစ်ရေးလုပ်ရှားမှုအားလုံး ရပ်ဖို့ နည်းလမ်းတွေ၊ ပူးပေါင်းဆောင်ရွက်မှုပုံစံမျိုးစုံနဲ့ တောင်းဆိုရမယ်လို့လည်း သူကဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်တာ မရပ်ရင် အခြေအနေတွေ ပိုဆိုးသွားမှာဖြစ်ကြောင်း၊ ငလျင်နဲ့ စစ်ဘေးကြောင့် မြန်မာပြည်တွင်းမှာ လူ ၃.၅ သန်းကျော် အိုးအိမ်မဲ့ဖြစ်နေရပြီး ထိုင်းအနေနဲ့ နောက်ဆုံးမှာ မြန်မာဒုက္ခသည်တွေအများစုကို လက်ခံသွားရလိမ့်မှာဖြစ်ကြောင်း သူကပြောပါသေးတယ်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူအာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ တိုင်းပြည်ကို ကူညီပေးဖို့ ကမ္ဘာကို တောင်းဆိုနေပေမဲ့ … သူကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲ …. ပြည်သူတွေလဲ ထိခိုက်နေဆဲပါပဲ …. ထိုင်းနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံအတော်များများက အရေးပေါ်ရန်ပုံငွေတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာစစ်တပ်ကတော့ လူတွေ သတ်နေတုန်းပဲ” လို့ သူက ရေးသားပြောဆိုထားတာပါ။

မြန်မာပြည်မှာ လူသားချင်းစာနာမှု အခြေအနေတွေ ဆင့်ကဲဖြစ်ပေါ်နေတာကြောင့် လူသားချင်းစာနာမှု လုပ်ငန်းတွေဖော်နိုင်ဖို့ ရှုပ်ထွေးစေကြောင်း၊ ဒီအချိန်မှာ နိုင်ငံတကာက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချရမှာဖြစ်သလို ငလျင်ဒဏ်သင့်တဲ့သူတွေကို လူသားချင်းစာနာမှု အကူအညီတွေမပေးပဲ လျစ်လျူရှုထား၍လည်းမဖြစ်နိုင်ကြောင်း သူက ဆက်ပြောပါတယ်။

“လက်ရှိမှာ အာဆီယံကို အပြည့်အဝ အသုံးချရမှာဖြစ်တယ်၊ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး စင်တာအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီက အရင်းအမြစ်တွေ၊ ငွေတွေစုစည်းပြီး အကူအညီတွေ ထောက်ပံ့ရမယ်၊ အထူးသဖြင့် ဒီလို လူသားချင်းစာနာမှု အကျပ်အတည်းကာလမှာ အာဆီယံအနေနဲ့ စစ်အုပ်စုက ဘုံသဘောတူညီချက်ငါးရပ်ကို ချက်ချင်းအကောင်အထည်ဖော်အောင် အခွင့်အရေးကို အသုံးချရမှာဖြစ်တယ်”လို့ သူက အကြံပြုထားပါတယ်။

ဒါ့အပြင် လွှတ်တော်အမတ် Kannavee Suebsang က လာမဲ့ ဧပြီလ ၃ရက်မှ ၄ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် BIMSTEC အစည်းအဝေးကို တက်ဖို့ ထိုင်းအစိုးရက မြန်မာစစ်ခေါင်းဆောင်ကို တရားဝင်ဖိတ်ထားမှုအပေါ်.. ဒါဟာ ထိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ နောက်ထပ်ပြဿနာတခုဖြစ်ပြီး ဒီအပေါ် နိုင်ငံတကာက အမြင်ရှုပ်ထွေးသွားနိုင်တယ်လို့ သူက ပြောဆိုပါတယ်။

“ထိုင်းအနေနဲ့ ဘာဖြစ်လို့ စစ်ခေါင်းဆောင်ကိုဖိတ်ပြီး စစ်အာဏာရှင်တွေဘက် ရပ်တည်ရတာလဲ၊ နယ်စပ်လုံခြုံရေး၊ စီးပွားရေး၊ လုပ်သားနဲ့ ဒုက္ခသည်ကိစ္စ‌ အရေးတွေမှာ ထိုင်းကို တိုက်ရိုက် သက်ရောက်နေတဲ့၊ အပြစ်မဲ့ပြည်သူတွေ ခံစားနေရတဲ့ အိမ်နီးချင်းနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ထိုင်းရဲ့ ရပ်တည်ချက်ကို ပြသဖို့ ဘာဖြစ်လို့ သံတမန်ရေးအရ အရေးယူမှုတွေ မလုပ်ရတာလဲ” လို့ သူက မေးခွန်းထုတ်ထားပါတယ်။

BIMSTEC အစည်းအဝေးမှာ မြန်မာရဲ့ ပါဝင်မှုကို ထိုင်းမှာရှိတဲ့ ကိုယ်စားလှယ်အဆင့်ထိ သံရုံးအဆင့်ထိ လျော့ချဖို့ Kannavee က ယခင်ကတည်းက အကြံပြုထားတာပါ။

ဒါပေမဲ့ လက်ရှိမှာတော့ ဧပြီလ ၃-၄ ရက် မြန်မာစစ်ခေါင်းဆောင် ထိုင်းလာမယ့်ကိစ္စကို သူ့တို့(ထိုင်းအစိုးရ)အနေနဲ့ အတည်ပြုပြီးပြီဖြစ်ပါလိမ့်မယ် လို့ သူ့ရဲ့ပို့စ်မှာ ဝေဖန်ပြောဆိုထားပါတယ်။

တဆက်တည်းမှာပဲ ထိုင်းအနေနဲ့ မြန်မာ့ငလျင်ဘေးကိုကူဖို့ ကယ်ဆယ်ရေးတဖွဲ့ စေလွှတ်ထားတာကြောင့် ဒီအခြေအနေမှာ အခွင့်အရေးကိုသုံးပြီး စစ်အုပ်စုရဲ့ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့ ပြောဆိုရမှာဖြစ်ကြောင်း နဲ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ထိုင်းအနေနဲ့ အားပေးနေတယ်လို့ ကမ္ဘာက မြင်သွားလိမ့်မယ်လို့ နောက်ဆုံးအနေနဲ့ သူက ဆက်ပြီး သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

ပြည်တွင်းသုံးငွေနဲ့ နှစ်နိုင်ငံကုန်သွယ်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယဆွေးနွေး

အိန္ဒိယနဲ့ မြန်မာအကြား ရူပီးနဲ့ ကျပ်ငွေကတဆင့် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ ဆွေးနွေးခဲ့ကြတယ်လို့ The Economic Times က ဖော်ပြထားပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။