ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီလို လွှတ်တော်အဆောက်အဦးတွေ ငလျင်ကြောင့် ပျက်စီးခဲ့တယ်ဆိုတဲ့ သတင်းတွေ ကနဦးထွက်ပေါ်ခဲ့ပေမယ့် ဒီကနေ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အဆိုပါလွှတ်တော်အဆောက်အအုံများ ပျက်စီးမှုကို သွားရောက်ကြည့်ရှုချိန်မှသာ စစ်ကောင်စီသတင်းဌာန‌တွေက သတင်းဖော်ပြလာခြင်းလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ပျက်စီးသွားတဲ့ လွှတ်တော်အဆောက်အဦတွေကို လှည့်ပတ်ကြည့်ရှုခဲ့ပြီး စနစ်တကျ ပြန်လည်တည်ဆောက်သွားမယ်လို့ ပြောသွားခဲ့ပါသေးတယ်။

လွှတ်တော်အဆောက်အအုံတွေကို ယခင်စစ်ခေါင်းဆောင် သန်းရွှေ လက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ အဆိုပါလွှတ်တော်အဆောက်အအုံ အပါအဝင် နေပြည်တော်မြို့က ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ လမ်းတံတား အစရှိတဲ့ အခြေခံအဆောက်အအုံတွေကို ၎င်းတို့နဲ့ နီးစပ်တဲ့၊ ၎င်းတို့ပါဝင်ပိုင်ဆိုင်တဲ့ ခရိုနီကုမ္ပဏီကြီးများကို ဆောက်လုပ်စေခဲ့တာဖြစ်ပြီး အဂတိလိုက်စားမှုများကြောင့် အဆောက်အအုံ လမ်းတံတားများမှာ အရည်အသွေး ပြည့်မှီခြင်း လုံးဝမရှိဘူးလို့ ပြောဆိုဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူလူထု လေကြောင်းရန်ကာကွယ်ရေးအတွက် MDY-PDF အရေးပေါ် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးနေ

မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ အကြမ်းဖက်စစ်တပ် အင်အား ၅၀ ကျော်ကို ထပ်မံချေမှုန်း

Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော်(SNA) မှ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ စစ်ကိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေဆီကို စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က တပ်ဖွဲ့ဝင် ၁၇ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များ၏ စစ်ဆင်ရေးကြေညာမှုအပြီး ဂန့်ဂေါတွင် စစ်တပ်လုံခြုံရေးနှင့် မာရှယ်လောအမိန့်ကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ယောမြေစစ်ဆင်ရေး (Yaw Land Operation) ကြေညာမှုအပြီး အကြမ်းဖက်စစ်တပ်က အရပ်သားတွေ သတ်မှတ်ချိန်ကျော်လွန်ပြီး ညဘက်အပြင်ထွက်ရင် သေနတ်နဲ့ ပစ်ခတ်ဖို့အထိ ခြိမ်းခြောက်ကြိမ်းဝါးလာကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

၇ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု ဥက္ကံကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။