အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေရာ ​အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်သင်ယူနေတဲ့ ရဲဘော်ရဲမေတွေအနေနဲ့ စစ်သင်တန်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေအပြင် အစားအသောက်နဲ့ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

ရဲဘော်ရဲမေတွေအနေနဲ့ စစ်ပညာသင်တန်းကို နောက်ကြောင်းရှင်းရှင်း အားအင်အပြည့်နဲ့ တက်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ ရိက္ခာ၊ အစားအသောက်တွေ ပါဝင်ကူညီလှူဒါန်းဖို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က မေတ္တာရပ်ခံ ထားပါတယ်။

ACDF သင်တန်းက ရဲဘော်အားလုံးအတွက် ဟင်းတစ်နပ်စာအတွက် သီးသန့်လှူဒါန်းခြင်းတွေလည်း ပြုလုပ်နိုင်သလို တော်လှန်ရေးကို ရှေးရှူတဲ့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေက အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲဘော်ရဲမေတွေရဲ့ ကျန်းမာရေးနဲ့ သင်တန်းဆောင်ရွက်မှုတွေကို များစွာ အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်တယ်လို့ ACDF က ထုတ်ပြန်ထားပါတယ်။

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အပတ်စဉ် (၆) သင်တန်းသား/သူ များ (ဓာတ်ပုံ ACDF)

0 Shares:
You May Also Like
Read More

ဒီးမော့ဆို အနောက်ခြမ်းတွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံး၊ ၇ ဦး ဒဏ်ရာရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးပြီး ၇ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်က ပြောပါတယ်။
Read More

စသုံးလုံး အရာရှိများ ပစ်ခတ်ခံရပြီး ၂ ဦးသေ “အရပ်သားကားတွေ ဖြတ်နေတာရယ် သူတို့ဘက်က စစ်ကူမလာခင်ရယ်မှာ ရတဲ့ အချိန်နည်းနည်းလေးနဲ့ ဝင်လုပ်ခဲ့ရတာမို့ အခက်အခဲတွေကတော့ အများကြီးပါ။”

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက် ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စသုံးလုံး အရာရှိတွေ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာမှာတင်​၂ယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်ပြည့်အခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း (ဓာတ်ပုံသတင်း)

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) ရဲ့(၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လက်နက်တပ်ဆင်ခြင်းကို တပ်တော်ရဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။