ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကြေကွဲဖွယ်ရာ ထိခိုက်ခံစားရမှုတွေအတွက် ကနဦး ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။ 

မြန်မာပြည်သူတွေ ငလျင်သဘာဝဘေးဒဏ် ထိခိုက်ခံစားခဲ့ရမှုကြောင့် မူလစီစဉ်ထားတာတွေ ဖျက်သိမ်းလိုက်ပြီဖြစ်ကာ  လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အရှိန်မြှင့် အားစိုက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ငလျင်ကြောင့် မြန်မာနိုင်ငံကို ထိုင်း ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ထားပြီး ထိုင်းနိုင်ငံက ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလည်း မြန်မာနိုင်ငံထံ စေလွှတ်ထားပြီး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နှင့်အတူ လူလုပ်ကပ်ဘေး စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရဟု NUG ယာယီသမ္မတ ပြော

မြန်မာပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နဲ့အတူ လူလုပ်ကပ်ဘေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

၁၂ နာရီကြာဖြစ်ပွားခဲ့သည့် ထားဝယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရာမညမွန်တပ်တော်-RMA နှင့် TNLA တို့ မဟာမိတ်အဖြစ် ပူးပေါင်းတော်လှန်မည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ “ရာမညမွန်တပ်တော်- RMA” နဲ့အတူ တော်လှန်ရေးပန်းတိုင် အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ TNLA က ပြောပါတယ်။