ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

မတ်လ ၂၈ ရက်ကစလို့ ကရင်နီတပ်ပေါင်းစုက စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို စတင်ထိုးစစ်ဆင်ခဲ့ရာ မတ်လ ၃၀ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ စခန်းကနေ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် မတ်လ ၃၁ ရက် မနေ့က မနက်ပိုင်းမှာတော့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက အဆိုပါတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဘောလခဲမြို့ရဲ့ စစ်ဗျူဟာမှာ အခြေချတပ်ဖြစ်တဲ့ ဝမ်မလန်းစခန်းကုန်း၊ ၁၂ မိုင်တပ်ကုန်း၊ ၄ မိုင်ကုန်း စတဲ့ အရှေ့ကာကင်း သုံးခုရှိတဲ့အနက် ၁၂ မိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၄ မိုင်ကုန်းကာကင်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KA)

0 Shares:
You May Also Like
Read More

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီ Airbus အနေနဲ့ စစ်အုပ်စုကို လေယာဉ်တွေ ရောင်းချပေးနေတဲ့ AVIC ကို ဖိအားပေးဖို့ Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စု စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ပေးနေတဲ့ Aviation Industry Corporation of China (AVIC) ကို ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus အနေနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန်ဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ စစ်တပ်တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ဆီက သိရပါတယ်။
Read More

Yaw Revolution Army – ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်အချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ နဲ့ ၁၇ တို့ ပူးပေါင်းထားတဲ့ Yaw Revolution Army - YRA ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်တချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲ စခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့

ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။